အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း

702 63 1
                                    

အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း

ရှန်ယွဲ့ ဘာမှမစဥ်းစားဘဲ ရေးချင်တာချရေးမယ်ဆိုရင်တောင် ဒီလောက်မမြန်နိုင်ဘူးလေ ဟုတ်တယ်မလား။ ယွီဟောက်သည် သူမ မည်သို့လုပ်ခဲ့သည်ကို အလွန်သိချင်သွားတော့သည်။ ရှန်ယွဲ့သာ အဖြေလွှာကို တကယ်ကြီး ဖြည့်ချင်ရုံသက်သက်ပဲဆိုရင်တော့ သူ့လုပ်ပုံတွေက တကယ်ရူးနေတာပဲ။

ရှန်ယွဲ့၏အဖြေလွှာပေါ်တွင် ရေးထားသည့်များကို ကြည့်ရရန် ယွီဟောက်၏ပြင်းပြသည့် သိလိုစိတ်နှင့် အထင်သေးခြင်းတို့က သူ့အား ဗျိုင်းလည်ပင်းဖြစ်သွားစေတော့သည်။

သူ့ကိုယ်အနေထားနှင့် မျက်မှာကို ပြင်လိုက်ချိန်၌ ရှန်ယွဲ့၏အဖြေလွှာပေါ်က စာလုံးသေးသေးလေးများကို အနည်းငယ်မြင်လိုက်ရတော့သည်။ ရှန်ယွဲ့၏လက်ရေးက ထူးထူးခြားခြားသပ်ရပ်နေသည်ကို မြင်လိုက်ရသဖြင့် အလွန်အံ့ဩသွားတော့သည်။ ထို့အပြင် သူမရေးထားသည့် လက်ရေးပုံစံက သာမန်အထက်ကျောင်းသူတစ်ယောက်၏လက်ရေးမျိုး မဟုတ်ချေ။ ထို့အစား အလွန်အားကောင်းကာပြတ်သားပြီး ခက်ခက်ရေးသားရသည့်လက်ရေးလှပညာရှင်တစ်ယောက်၏ လက်ရေးမျိုးနှင့် တူနေလေသည်။

ဘာဖြစ်နေတာလဲ။ ယွီဟောက်မှာ ရှောခ့်ဖြစ်သွားတော့သည်။ ထို့နောက် ရှန်ယွဲ့က လှည့်လာပြီး ရွံရှာသည့်အကြည့်ဖြင့် သူ့အား အကဲခတ်လိုက်သည်ကို တွေ့လိုက်ရလေသည်။

ယွီဟောက်မှာ ထိုအကြည့်ကြောင်း ရှင်းမပြတတ်အောင် ပျာယာခတ်သွားတော့သည်။ သူ မရှင်းပြနိုင်ခင်မှာပင် ရှန်ယွဲ့၏ အထင်သေးစွာပြောလိုက်သည့်စကားကို ကြားလိုက်လေတော့သည်။

" နင် အဖြေကူးချင်တယ်ဆိုရင် ပြောလေ၊ နင့်ခေါင်းက လိပ်ခေါင်းလို ရှည်ထွက်နေပြီ အရမ်းရွံစရာကောင်းတာပဲ"

ထိုသို့ပြောလိုက်ပြီး ရှန်ယွဲ့က အဖြေလွှာကိုပြရန် သူမ၏ခန္ဓာကိုယ်ကို တမင်ရွှေ့ပေးလိုက်လေသည်။ သူမသည် ယွီဟောက်ကို ခေါင်းတမော့မော့နှင့် ကြည့်နေခိုင်းလိုက်သည်ထက် သည်အတိုင်းပေးကူးလိုက်တာက ပိုကောင်းသည်ဟု တွေးလိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now