အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်

658 67 1
                                    

အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်

" ဒါ လုံးဝမဖြစ်နိုင်ဘူး" ထိုစကားကို ကြားလိုက်ရတော့ ရှန်ရှင်းသည် အမှတ်တမဲ့ ထငြင်းလိုက်လေသည်။

ရှန်ချန်က သူ့ဖုန်းကို ပြန်ထုတ်လိုက်ပြီး သူမကို ပြရန် သက်သေရှာနေသည်ကို တွေ့လိုက်ရသဖြင့် ရှန်ရှင်းသည် ရုတ်ချည်းပျာယာခတ်သွားတော့သည်။

"ဘာပဲဖြစ်ဖြစ် အဲဒီငတုံးမရှန်ယွဲ့က ဉာဏ်ကောင်းလာတယ်ဆိုတာ ငါ လုံးဝမယုံဘူး၊ ပျင်းစရာကောင်းလိုက်တာ၊ ငါ့အခန်းကိုပဲ ပြန်တော့မယ်"

ရှန်ရှင်းသည် ပြောရင်းဆိုရင်း ကြောင်တောင်တောင်ဖြင့် သူမအခန်းဆီ မြန်မြန်လျှောက်သွားလိုက်တော့သည်။ ရှန်ချန်က မြေကြီးတုန်လှုပ်သွားစေမည့် စကားများ ပြောတော့မည်ကို စိုးရိမ်နေသည့်နှယ် သူမ၏ခြေလှမ်းများသည် ကမောက်ကမဖြစ်သွားတော့သည်။

ဆွန်းလင်ကတော့ ပိုက်ဆံနှင့်သာ ကျေနပ်နေလေသည်။ ရှန်ချန်ပြောလိုက်သည့် စကားကို ကြားလိုက်ရချိန်၌ ရှန်ယွဲ့က တမင်လိမ်လည်ပြီး ပြဿနာရှာနေသည်ဟုသာ ထင်လိုက်၏။ သူမသည် ထေ့ငေါ့ရင်း ထွက်သွားတော့သည်။

ရှန်ယွဲ့သည် အလွန်ထူးချွန်ပြီး မြို့တော်တက္ကသိုလ် ဝင်ခွင့်အာမခံချက် ရနိုင်ခဲ့သည်ဟု ကြားလိုက်ရချိန်၌ ရှန်အန်းတစ်ယောက်သာ အလွန်ဝမ်းသာသွားပြီး မျက်ရည်လည်လာလေတော့သည်။ ထိုအခါကျမှ သူသည် ငွေရှာရင်းသာ အလုပ်အများနေတတ်ပြီး အိမ်တွင် ဆွန်းလင်ကို မလွန်ရဲမှန်း သဘောပေါက်သွားတော့သည်။ သူသည် ရှန်ယွဲ့၏ ကြီးပြင်းလာသည့်အချိန်ကို မတော်တဆ လွဲချော်ခဲ့ရသည့်အတွက် အလွန်အပြစ်ရှိသလို ခံစားလိုက်ရတော့သည်။

ရှန်အန်းက ရှန်ချန်ကို ထမင်းစားစားပွဲသို့ ဆွဲခေါ်သွားကာ ထိုင်ချလိုက်၏။ သူသည် သူ့ဒူးကို ကူကယ်ရာမဲ့သလို ကိုင်ထားလိုက်ပြီး တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်တော့သည်။

" ချန်ချန် အဖေ့ကို သားရဲ့အစ်မအကြောင်းပြောပြပါအုံး..."

တစ်ဖက်တွင် ကျိုးမိသားစု၌။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now