အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်

904 93 0
                                    

ခက်ထန်မှုအပြည့်ဖြင့် ရှန်ယွဲ့သည် သူမအခန်းဆီ ပြန်သွားပြီး တံခါးကို ဝုန်းခနဲပိတ်ကာ ဖရိုဖရဲ မိသားစုကို စည်းခြားထားလိုက်တော့သည်။ နားကြပ်ကို တပ်ပြီး ပြန်အိပ်လိုက်၏။

အိမ်အပြင်တွင် ရှန်ယွဲ့က တံခါးကို ဝုန်းခနဲပိတ်သွားသည်ကို မြင်လိုက်သည့် ဆွန်းလင်က တဖန် ပြဿနာရှာပြန်တော့သည်။

" ရှန်အန်း အသုံးမကျတဲ့လူ ကျွန်မရှင့်ကို ကွာရှင်းမယ်___"

ရှန်ယွဲ့သည် သားအမိနှစ်ယောက်ကို ပညာပြပြီးနောက်ပိုင်း သူတို့နှစ်ယောက်မှာ ပို၍ ကျိုးကျိုးနွံနွံ ရှိလာသည်။ သူတို့သည် အိမ်၌ ရှန်ယွဲ့နှင့် ဆုံလျှင် သရဲတစ်ကောင် တွေ့လိုက်သလို သူမကို မြန်မြန် ရှောင်ရှားသွားတော့သည်။

သို့သော်ငြား သူတို့နှစ်ယောက်သည် ရှန်ယွဲ့ကို မကြာခဏ တိတ်တဆိတ် အကဲခတ်တတ်ကြပြီး တစ်ခုခုကို ကြံစည်နေကြသည့်နှယ်။ ရှန်ယွဲ့သည် သူတို့ကို လုံးဝ အလေးမထားဘဲ ဒီအတိုင်း လွှတ်ထားလိုက်လေသည်။

ညရောက်လာ၏။

ဖယ်ဒရေးရှင်း မြို့တော်ရှိ ကျိုးကော်ပိုရေးရှင်း၏ အပေါ်ဆုံးအလွှာ စီအီးအို ရုံးခန်းထဲတွင်

" ဥက္ကဋ္ဌကျိုး သတင်းရှိတယ်၊ Sမြို့မှာတုန်းက သခင်လေးကို ပြန်ပေးဆွဲခဲ့တဲ့ လုပ်ကြံသူတွေကို နောက်ဆုံးတော့ ရှာတွေ့သွားပြီ"

Sမြို့တဲ့လား။ ကျိုးရွှမ်း စဥ်းစားနေသည့်အမူအရာတစ်ခု ထွက်လာသည်။ ဒီကာလအတွင်းမှာ အဲဒီတုန်းက ကျိူးယန်ကို ဓားနဲ့ ထိုးခဲ့တဲ့ လူသ-တ်သမားတွေကို ရှာဖို့ လူလွှတ်ထားခဲ့တာလေ။ ဒါပေမယ့် ဖမ်းမိခါနီးလေးမှ သူတို့ထဲက တစ်ချို့က အမြဲတမ်းတမ်း လွှတ်လွှတ်သွားတယ်။ သတင်းကြိုရထားတဲ့ အတိုင်းပဲ။

"ဥက္ကဋ္ဌကျိုး သူတို့ရဲ့ဌာနချုပ်က Sမြို့မှာလား မသိဘူး" အတွင်းရေးမှူးသည် နေနိုင်တော့ပဲ မေးလိုက်တော့သည်။

" မဟုတ်လောက်ဘူး၊ သူတို့တွေ ကျိုးယန်ကို ကယ်ခဲ့တဲ့ သူတွေကိုလည်း သွားရှာလောက်တယ်"

ကျိုးရွှမ်း၏ မျက်လုံးများ မဲနက်သွားတော့သည်။ ဒီလူသ-တ်သမားတွေ ရှန်ယွဲ့ကို သွားရှာရင် သူတော့ ဒုက္ခရောက်တော့မှာပဲ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now