အပိုင်း (၁၀၆) + အပိုင်း (၁၀၇)

442 43 0
                                    

အပိုင်း (၁၀၆) အချိန်အခါကို နားလည်တဲ့ချန်းယန်

ချန်းယန်သည် ကျန်းရှုကို မျက်စပစ်ပြလိုက်ပြီး သူ့ကို အရိပ်အချည်ပြလိုက်တော့သည်။

" ကျွန်- ကျွန်တော် နားလည်ပါပြီ"

ကျန်းရှုက နားလည်သွားပြီး ချက်ချင်း ပြောလိုက်တော့သည်။

"ကျွန်တော်အခုပဲ ကျန်းရန်ကို တခြားကျောင်းပြောင်းလိုက်ပါမယ်၊ သူ ဒီကျောင်းမှာ ဆက်မတက်တော့သလို မိန်းကလေးရဲ့ရှေ့မှာလည်း ထပ်မပေါ်လာစေရတော့ပါဘူး"

ရှန်ယွဲ့၏ အေးစက်စက်အကြည့်အောက်တွင် ကျန်းရှုသည် တဖန်တုန်ယင်သွားပြီး သူ့စကားကို ပြောင်းပြောလိုက်တော့သည်။

" မဟုတ်ဘူး.... ကျွန်တော် သူ့ကို Sမြို့ကနေ အဝေးကိုပို့လိုက်ပါ့မယ်၊ ဒီနေ့ပဲ ၊ ဒီနေ့ချက်ချင်း ပြောင်းခိုင်းလိုက်ပါမယ်"

"ထွက်သွား"

ရှန်ယွဲ့သည် အမှန်ပင်စိတ်မရှည်လှတော့ပေ။

ကျန်းရှုသည် ခွင့်လွှတ်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။ သူက မြန်မြန် ခေါင်းညိတ်ပြလိုက်ပြီး ဦးညွှတ်လိုက်ကာ ကျန်းရန်နှင့် ငိုယိုနေသည့် ချောင်ဖန်းတို့ကို ဆွဲထုတ်သွားတော့သည်။

ရန်ပွဲကို ဦးဆောင်ခဲ့သည့်ကျန်းရန်နှင့် စာရင်းရှင်းပြီးနောက် ရှန်ယွဲ့က တခြားထောင့်တစ်နေရာတွင် ပုံးနေကြသည့် ကောင်လေး လေးယောက်ကို ကြည့်လိုက်လေသည်။

ရှန်ယွဲ့ လှမ်းကြည့်လာသည်ကို တွေ့လိုက်ရသည့် ကောင်လေး လေးယောက်မှာ ပျာယာခတ်သွားကာ လန့်ဖျပ်သွားကြလေသည်။ သူတို့သည် မြန်မြန်ဦးညွှတ်လိုက်ကြပြီး အသနားခံကြတော့သည်။

" ငါ မှားသွားတယ်၊ ငါတို့ အမှားကို သိပါပြီ၊ ရှန်ချန် ငါ တောင်းပန်ပါတယ်"

" ငါတို့တွေ ဒီလို ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး၊ ကျေးဇူးပြုပြီး ငါတို့ကိုလွှတ်ပေးပါ"

" ရှန်ချန် ငါတို့တွေက အတန်းဖော်ဖြစ်ခဲ့တာကို ထောက်ထားပြီး ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပေးပါ"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now