အပိုင်း (၃၆) လောင်းရဲလား

844 90 0
                                    

ဖုန်းယဲ့တောင်ခြေတွင် လူချမ်းသာ ခလေးတစ်သိုက်သည် စုဝေးနေကြပြီး ပျော်ပျော်ရွှင်ရွှင် စကားပြောဆိုနေကြလေသည်။ သူတို့ဘေးတွင်တာ့ စျေးကြီးကာ သစ်လွင်သည့် ပြိုင်ကားများ ရှိနေသည်။

သည်ပြိုင်ပွဲ၏ အဓိကဇာတ်ကောင်မှာ နေကာမျက်နှာဝတ်ထားပြီး ထိပ်တန်းbraneded အဝတ်အစားကို ဝတ်ကာ လူအုပ်ကြီးအလယ်တွင် ရပ်နေသည့် တုန်းယန် ဆိုသူပင် ဖြစ်တော့သည်။ သည်အခိုက်တွင် သူသည် ဘေးက လူချမ်းသား ဒုတိယမျိုးဆက် ခလေးများ၏ မြှောက်လုံးများကို ဂုဏ်ယူကာ နားထောင်နေ၏။

ဖယ်ဒရေးရှင်း မြို့တော်က ထိပ်တန်းလူချမ်းသာမိသားစု၏ သခင်လေးဖြစ်သူ တုန်းယန်နှင့်ယှဥ်လျှင် Sမြို့က သာမန်ဒုတိယ မျိုးဆက်ခလေးများသည် သာမန်မျှသာဖြစ်၏။ သူတို့အားလုံးသည် ထိပ်တန်း အထက်တန်းလွှာအသိုင်းအဝိုင်းအတွင်း ဝင်ဆံ့နိုင်ရန် တုန်းယန်ကို ကပ်ဖားနေကြတော့သည်။

သည်အချိန်တွင် Sမြို့တော်ဝန်၏သား ဟန်ရဲ့က မျက်နှာလိုမျက်နှာရ ပြုံးကာဖြင့်

" သခင်လေးတုန်း အရမ်းနောက်ကျနေပြီ၊ မင်း စိန်ခေါ်သူ ၃ယောက်ကို အနိုင်ယူပြီးပြီဆိုတော့ Sမြို့မှာ ဘယ်သူမှ မင်းထက်သာတဲ့သူ ရှိတော့မှာမဟုတ်ဘူးလို့ ငါ ယုံတယ်"

Sမြို့၏ လူချမ်းသာ ဒုတိယမျိုးဆက် အမွေဆက်ခံသူများသည် တုန်းယန်နှင့် ခင်မင်လာရန်အတွင် ပြိုင်ကားစိတ်ဝင်စားသူ တစ်ယောက်ချင်းပြိုင်ပွဲ အမည်ဖြင့် ကားပြိုင်ပွဲတစ်ခု လုပ်ခဲ့ခြင်းဖြစ်သည်။ တုန်းယန်သည် ကားပြိုင်ခြင်းတွင် အလွန်ယုံကြည်မှုရှိလေသည်။ လက်တစ်ဖက်ကို ဝေ့ယမ်းကာ သူ့နှင့် လာပြိုင်ရန် လူများကို ဆွဲဆောင်ဖို့အတွက် ဆုငွေယွမ် ၂သန်းကို သတ်မှတ်လိုက်၏။

ဆုငွေသည် ယွမ် ၂သန်းဖြစ်သော်လည်း ကားပြိုင်ပွဲသည် လူချမ်းသာများသာ ကစားနိုင်သည့် အားကစားတစ်ခုမှန်း ပြိုင်ကွင်းတွင် ရှိနေကြည့်လူတိုင်းက ကောင်းကောင်း သိကြလေသည်။ သူတို့ကိုယ်သူတို့ ပျော်ရွှင်အောင်သာ နေတတ်ကြသည့် ဒုတိယမျိုးဆက် လူချမ်းသာ တသိုက်ကြားတွင် တုန်းယန်ကို ယှဥ်နိုင်မည့်မရှိချေ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now