အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်

911 89 0
                                    


ဘာသာပြန်သူ - Chihirolily

မိနစ်၂၀ကြာပြီးနောက် ကျိုးမိသားစုသည် အလျင်စလိုရောက်ချလာ၏။ ရလာဒ်အနေဖြင့် ကျိုးယန်ကို အောင်အောင်မြင်မြင် ကယ်တယ်နိုင်ခဲ့ပြီး လူနာထမ်းစင်ပေါ်သို့ တင်လိုက်၏။ ဒါဇင်မကသည့် ဆေးဝန်ထမ်းများက သူ့ကို ဝန်းရံထားပြီး အရေးပေါ်ကုသရေးအတွက် လုပ်ဆောင်လိုက်ကြလေသည်။

သူ့အသိစိတ်များ ပျောက်ကွယ်သွားသည့် နောက်ဆုံးမိနစ်အထိ ကျိုးယန်သည် ရှန်ယွဲ့က သူမ၏ဘဏ်အကောင့် နံပါတ်ရေးခဲ့သည့် အင်္ကျီလက်ကို ကိုင်ထားဆဲ။ သူသည် တတွတ်တွတ် ရွတ်နေ၏။

" သူ့ဆီ ငွေလွဲပေးဖို့ မမေ့နဲ့... ငွေလွဲပေးဖို့....."

နောက်တစ်နေ့ ။

" ဒီတော့ မင်းကို သာမန်အထက်တန်းကျောင်းသူတစ်ယောက်က ကယ်ပေးခဲ့တာပေါ့၊ သူက မင်းနောက်လိုက်နေတဲ့ လူသ-တ်သမားတွေကို လှည့်စားပြီး မင်းကို အန္တရာယ်ကင်းတဲ့နေရာကို ပို့ပေးလိုက်တာပေါ့"

ကျိုးရွှမ်းသည် ရှန်ယွဲ့၏ကိုယ်ရေးအချက်အလက်ကို လက်ထဲတွင် ကိုင်ထားပြီး မျက်မှောင်ကျုံ့ကာ ပြောလိုက်လေသည်။

ကျိုးယန်သည် သတိပြန်ရနေပြီဖြစ်၏။ ရှန်ယွဲ့၏အချိန်မီကုသပေးခဲ့သည့်အတွက်ကြောင့် သူ့ဒဏ်ရာသည် ပိုဆိုးမသွားခြင်းဖြစ်သည်။ သူ့ကို အောင်အောင်မြင်မြင် ကယ်တင်လိုက်နိုင်ပြီးနောက် သူ့တွင် ကျိုးရွှမ်းကို စကားပြောနိုင်သည့် အားရှိနေသေးသည်။

" ဦးလေး ကျွန်တော့်ကို မယုံမရှိနဲ့နော်၊ သူက အရမ်းသန်မာတာ...."

ကျိုးယန်၏တတွတ်တွတ် ပြောစကားများကို နားထောင်ရင် ကျိုးရွှမ်းသည် ရှန်ယွဲ့၏ကိုယ်ရေးအချက်အလက်ကို သေချာပြန်ဖတ်လိုက်လေသည်။

သူမအသက်က ၁၈နှစ်၊ အထက်တန်း တတိယနှစ်ကျောင်းသူတစ်ယောက်၊ သူကအဝလွန်ပြီး အဆင့်အရမ်းညံ့လွန်းလို့ သူ့အခန်းဖော်တွေရဲ့ ခွဲခြားဆက်ဆံခံရပြီး အိမ်မှာလည်း တန်ဖိုးထားမခံရဘူးတဲ့။

ကျိုးရွှမ်းသည် လက်ပေါ်က တန်ဖိုးကြီးလက်စွပ်ကို ပွတ်သပ်ရင်း ပို၍ သံသယဝင်လာတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now