အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း

648 54 0
                                    

အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း

တဖက်တွင် မြို့တော်တက္ကသိုလ် သုတေသနအခန်းထဲ၌

လင်ရှောင်းသည် သူတင်ထားသည့် ပုစ္ဆာကို နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ဖြေရှင်းလိုက်သည်ကို မြင်လိုက်ရကတည်းက သူသည် စိတ်နှင့်ကိုယ်မကပ်ဖြစ်သွားတော့သည်။ သင်ရိုးဆွေးနွေးမှုဖြစ်စေ၊ သုတေသနအစည်းအဝေးဖြစ်စေ သူသည် သည်ကိစ္စကိုသာ မတွေးဘဲမနေနိုင် ဖြစ်နေတော့သည်။

အဲဒီလူက သူ့ကို ပြန်ဖြေမှာလား။ တဖက်လူက မြို့တော်တက္ကသိုလ်ကို လာချင်မှာလား။ လင်ရှောင်းသည် လုံးဝမရေမရာဖြစ်နေတော့သည်။

လက်တွေ့ကျကျပြောရရင် ရည်းမှန်းချက်မရှိ၊ စာပေကိုချစ်မယ့်လူမဟုတ်တဲ့ လူငယ်တစ်ယောက်က မြို့တော်တက္ကသိုလ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်မှာပဲ။ ပြီးတော့ ပရော်ဖက်ဆာဟောင်းတွေ တိုင်ပင်ထားတာကိုလည်း ကြားထားသေးတယ်။ အဲဒီပုဂ္ဂိုလ်က လက်ခံဖို့ ဆန္ဒရှိရင် သူတို့က သူ့ကို လေးစားရတဲ့ပညာရှင်တစ်ယောက် နေရာကို ချက်ချင်းပေးမှာတဲ့။ သူတို့က သူ့ကို အရင်ဆုံးခေါ်ထားကြလိမ့်မယ်။

ဒါမှမဟုတ် ဒီလျှို့ဝှက်တဲ့ပုဂ္ဂိုလ်က တကယ်တော့ ပညာရေးအသိုင်းအဝိုင်းက အကောင့်ပြောင်းသုံးထားတဲ့ အထင်ကရလူတစ်ယောက်များလား။ သူက ကျော်ကြားမှုတွေ ချမ်းသာမှုတွေကို လုံးဝဂရုမစိုက်ဘဲနဲ့ ဒီအတိုင်း အားလုံးကို စနောက်ချင်ရုံသက်သက်ပဲလား။

လင်ရှောင်းသည် သည်ကိစ္စကြောင့် သူ့ခေါင်းမှာ ကွဲတော့မတတ်ပင်။ သူသည် ထိုလျှို့ဝှက်ပုဂ္ဂိုလ်၏ပြန်စာကို စိုးရိမ်တကြီး မျှော်လင့်နေတော့သည်။ အခုတော့ သူသည် သည်ပုဂ္ဂိုလ်အကြောင်း အားလုံးကို အင်မတန်သိချင်နေတော့သည်။ သည်ပုစ္ဆာကို ဖြေရှင်းရန် သူသည် နှစ်ဝက်လောက် အချိန်ယူခဲ့ရသည်။ သည်ပုဂ္ဂိုလ်က ဘယ်လိုလုပ်ခဲ့ပြီး ပုစ္ဆာကိုဖြေဖို့ရာ အချိန်ဘယ်လောက်ယူခဲ့ရသည်ကို စဥ်းစားမိနေလေသည်။

ဒီလျှို့ဝှက်တဲ့ပုဂ္ဂိုလ်က ဘယ်ကတဲ့လဲ။ သူ ဘာတွေကြုံတွေ့ခဲ့ရတာလဲ။ ဒီလောက်ကျယ်ပြန့်တဲ့အသိပညာ၊ ခွန်အားနဲ့ ရှင်းလင်းတဲ့အတွေးအခေါ်တွေရှိတဲ့ သူ့ဆရာကရော ဘယ်ကတဲ့လဲ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now