အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်

916 82 0
                                    

အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်

ဘာသာပြန်သူ - ChihiroLily

"ဟေး ရှန်ချန်ရေ ငါဒီဘက်မှာ"

ရှန်ယွဲ့သည် ချန်းမင်ကို အခုလေးတင်မှ ပညာပေးလာပြီးဖြစ်သည်။

သူမသည် စာသင်ဆောင်က ထွက်လာချိန်၌ ရှန်ချန်နှင့် မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။

ရှန်ချန်သည် အချိန်အရမ်းနောက်ကျသည်အထိ ရှန်ယွဲ့က သူ့အား စောင့်နေလိမ့်မည်ဟုတ် မျှော်မထားခဲ့ချေ။ ရှန်ချန်၏နှလုံးသားသည် နွေးထွေးသွားတော့သည်။ သူသည် တစ်ဖက်သို့ မြန်မြန်လှည့်လိုက်ပြီး မျက်ရည်များကိုသုတ်လိုက်ကာ ပြန်လှည့်လာ၏။ သူသည် အားယူကာ ပြုံးလိုက်ပြီးနောက် ပြန်ပြောလိုက်လေသည်။

" အမ သွားစားကြစို့"

ရှန်ချန်နှင့် ယှဥ်လျှောက်လာရင်း ရှန်ယွဲ့သည် သိလိုစိတ်ဖြင့် မေးလိုက်လေသည်။

"ဘာလို့ကျောင်းကနေ အဲလောက်နောက်ကျမှ ထွက်လာတာလဲ၊ တစ်ခုခုက နင့်ကို နှောင့်ယှက်နေလို့လား"

ငါလေးက ချန်းမင် ပြဿနာလာရှာလို့ နောက်ကျတာလေ။ ဧကန္တ တစ်ယောက်ယောက် ရှန်ချန်ကို ပြဿနာရှာနေလို့များလား။

ရှန်ချန်သည် ရှန်ယွဲ့အား သူ၏မကောင်းသည့်ခံစားချက်ကို မပေးလိုချေ။ အကြောင်းမှာ သူမအား ပြောပြလိုက်လျှင် သူမ၏ခံစားချက် ပိုသိမ်ငယ်သွားမည်ကို သိနေသောကြောင့်ပင်။

သူသည် ဝမ်းနည်းမှုများကို စိတ်ထဲတွင်သာ မြှုပ်ထားလိုက်ပြီး ခေါင်းခါပြလိုက်၏။

" ငါ ပုစ္ဆာတစ်ချို့ကို အဖြေရှာမရလို့လေ၊ စဥ်းစားရင်းနဲ့ ကြာသွားတာ"

သူမ၏သနားစရာမောင်လေးသည် စိတ်မကောင်းဖြစ်နေသော်လည်း သူမကို မပြောပြချင်ဖြစ်နေသည်ကို ခံစားမိသဖြင့် ရှန်ယွဲ့သည် ထပ်မမေးတော့ချေ။ ရှန်ချန်သည် သူမအား မပြာပြချင်ဖြစ်နေသဖြင့် သူမသည် နောက်တစ်ခါအားသည့်အချိန်ကျလျှင် ရှန်ချန်၏အခန်းသို့ သွားစစ်ဆေးရပေလိမ့်မည်။

သို့နှင့် ရှန်ယွဲ့သည် နားလည်မှုဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြန်ပြောလိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now