အပိုင်း (၁၁၂) + အပိုင်း (၁၁၃)

413 29 0
                                    


အပိုင်း (၁၁၂) သတိလစ်သွားတဲ့ လူကြီးတစ်ယောက်ကို ကယ်ဆယ်ခြင်း

ရှန်ယွဲ့သည် တဒင်္ဂ သက်ပြင်းချလိုက်ပြီးနောက် ဘဏ်ထဲက မြန်မြန် ထွက်လာခဲ့သည်။ သူမသည် လောလောဆယ် တည်းခိုရန် နေရာတစ်ခုကို ရှာပြီး ညပိုင်း အရောင်းအဝယ်လုပ်မည့်အချိန်ကို စောင့်ဆိုင်းဖို့ ပြင်ဆင်လိုက်တော့သည်။ သူမသည် ဘဏ်မှ ထွက်လာပြီး ပျင်းပျင်းနှင့် လမ်းများပေါ်တွင် ပတ်သွားနေကာ ခဏတည်းခိုရန် နေရာတစ်ခုကို ပတ်ကြည့်နေစဥ် လူအုပ်ကြီးတစ်ခုက သူမ၏လမ်းကို ပိတ်ထားလေသည်။

" သူ့ကိုလာခေါ်ခိုင်းဖို့ လူနာတင်ယာဥ် ခေါ်လိုက်၊ ဒီအဖိုးကြီး သေတော့မှာပဲ"

" ဒီနားက လမ်းဆုံနားမှာ မတော်တဆကားတိုက်မှုဖြစ်သွားတာ၊ လူနာတင်ယာဥ်က ဝင်လို့မရဘူး"

" ဟာ မကောင်းတော့ဘူး၊ အဘိုးကြီးက မျက်နှာအရောင်က ပိုပိုပြီး အားနည်းလာပြီ"

" ဒီထဲမှာ ဆရာဝန်တစ်ယောက်လောက် မရှိဘူးလား၊ ကူညီကြပါအုံး"

ဆံပင်ဖြူဖြူ၊ ကော်ဖီရောင်လေကာအင်္ကျီနှင့် မျက်နှာတပ်ထားသည့် အဘိုးကြီးတစ်ယောက်သည် မြေကြီးပေါ်တွင် ပလက်လန် လဲလျောင်းနေလေသည်။ သူ့ခြေထောက်များက တောင့်တင်းနေပြီး ဗလုံးဗထွေး စကားပြောနေ၏။ သူ့မျက်လုံးများကလည်း တဖြည်းဖြည်း လှန်တက်လာလေသည်။

ရှန်ယွဲ့က သူ့ကို အကဲခတ်ကြည့်လိုက်ပြီး ဒီအဘိုးကြီးတွင် လေဖြတ်ရောဂါရှိမှန်း ချက်ချင်း သဘောပေါက်သွားတော့သည်။ သူ့ကိုအချိန်မီ မကယ်လျှင် ဦးနှောက်သွေးကြောပေါက်သွားနိုင်သည့် အန္တရာယ်ရှိပြီး အချိန်မရွေး သေသွားနိုင်သည်။ သူမ၏အိတ်ထဲတွင် တိုက်တိုက်ဆိုင်ဆိုင် ငွေအပ်များ ပါလာသည်ကို သတိရသွားပြီး ရှန်ယွဲ့က လူအုပ်ကြီးကို တွန်းတိုးကာ လေဖြတ်နေသည့် အဘိုးကြီးဆီသို့ လျှောက်သွားလိုက်လေသည်။

ကျောင်းသူလေးတစ်ယောက်နှင့် တုတ်တုတ်ခိုင်ခိုင် ယောက်ျားတစ်ယောက်က အဘိုးကြီးကို စောင့်ကြည့်ပေးနေသည်။ မကြာခဏဆိုသလို သူတို့သည် သူ့အသက်ရှူနှုန်းကို စစ်ဆေးပေးနေကြသည်။ သူတို့နှစ်ယောက်လုံးက ဆေးပညာအကြောင်း သိပုံမရပေ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now