အပိုင်း (၁၉) သူက မင်းအမ လား

904 87 0
                                    

"နောက်တစ်ခါ နင်အပြင်ထွက်ရင် ဒိုင်ပါ ဝတ်ထား ၊နင်...."

ရှန်ယွဲ့သည် တစ်ခုခုထပ်ပြောချင်လိုက်သော်လည်း နံဟောင်နေသည့်ဆီးနံ့ကို ရလိုက်ချိန်၌ မခံနိုင်တော့ပဲ အန်ချင်သလို ဖြစ်သွားတော့သည်။ သူမသည် ပါးစပ်ကို မြန်မြန်ပိတ်လိုက်ပြီး ချန်းမင်နှင့် ဝေးအောင် ခွာရပ်လိုက်လေသည်။

သူမ၏ရန်သူရှေ့တွင် သေးပေါက်ချပြီး အကန်ခံရသည်ထက် ရှက်စရာကောင်းတာ မရှိတော့ချေ။ ထိုအခိုက်တန့်တွင် ချန်းမင်သည် သည်ကမ္ဘာပေါ်မှာ ပျောက်ကွယ်သွားချင်မိသော်လည်း သူမ၏ပြင်းထန်သည့်ခံစားချက်က ရှန်ယွဲ့ကို လက်စားချေရန် ဖြစ်နေတော့သည်။

" ရှန်ယွဲ့.... ငါ နင့်ကို သ-တ်မယ်"

ချန်းမင်သည် ကိုယ့်ဟာကိုယ် ရေရွတ်လိုက်ရင်း အော်ဟစ်လိုက်လေသည်။

တစ်ဖက်တွင်တော့။

ကျောင်းခေါင်းလောင်းတီးချိန်၌ ရှန်ချန်သည် သူ့လွယ်အိတ်ကို သယ်ကာ ရှန်ယွဲ့နှင့် နေ့လည်စာအတူတူ စားချင်နေပြီဖြစ်သည်။ သို့သော် သူသည် ထိုင်ခုံမှ မထလိုက်ခင်မှာပင် ကောင်လေး သုံး၊လေးယောက်သည် သူ့ကို ဝိုင်းထားပြီး သူ့လမ်းကို ပိတ်ထား၏။ သူတို့သည် သူ့အားတွန်းလိုက်ပြီး အလွန်မုန်းတီးပုံပေါက်နေလေသည်။

" ငါ မင်းတို့ကို ဘာကူညီပေးရမလဲ"

ရှန်ချန်သည် သိုသိပ်ကာ နိမ့်ချတတ်လေသည်။ သူသည် ကျောင်းတွင် မည်သူနှင့်မှ ရန်သူမဖြစ်ခဲ့ဖူးချေ။ ထို့ကြောင့် သူသည် သည်ကောင်လေးများ၏ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်သဖြင့် ယဥ်ယဥ်ကျေးကျေး မေးလိုက်လေသည်။

" ဟေ့ကောင် ဉာဏ်ကြီးရှင် ရှန်ယွဲ့က မင်းအမဆို"

ကောင်လေးတစ်ယောက်သည် မျက်စိတစ်ဖက်မှိတ်ပြကာ မေးလိုက်၏။

ရှန်ချန်သည် မသိမသာမျက်မှောင်ကျုံ့သွားလေသည်။ သည်လူများတွင် မကောင်းသည့်ရည်ရွယ်ချက်ရှိသည်ကို ခံစားမိလိုက်သော်လည်း သူသည် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။

" ဟုတ်တယ် ဘာဖြစ်လို့လဲ"

" ဟား ဟား ဟား သူက တကယ်ပဲ အဲဒီငတုံးဝက်မရဲ့မောင်လေးတဲ့ကွ"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now