အပိုင်း (၁၄၈ + ၁၄၉)

308 27 0
                                    


အပိုင်း (၁၄၈) ထပ်တွေ့ကြပြီနော်

ကျန်းဟွားသည် သူ့ဘေးကလူများနှင့်အတူ နားလည်မှုဖြင့် ရုံးခန်းထဲက ထွက်သွားလိုက်လေသည်။ ထိုနည်းတူ ကျိုးရွှမ်းကလည်း ဟန်လင်းနှင့် ချန်းယန်တို့ကို အရင်ထွက်သွားခိုင်းလိုက်သည်။

ထိုအခိုက်အတန့်တွင် ရုံးခန်းထဲ၌ လူလေးယောက်သာ ကျန်တော့သည်။ ကျိုးရွှမ်းက ကျိူးယန်ကို ကြည့်လိုက်ပြီး သူ့အား အရင်ဆုံး စကားပြောရန် အချက်ပြလိုက်လေသည်။

"ရှန်ယွဲ့ ငါ မင်းကို ကျေးဇူးတင်စကားပြောချင်လို့ အခွင့်အရေးရှာနေတာ အရမ်းကြာပြီ၊ နင်သာမရှိရင် ငါ အခု ဒီနေမှာ ရပ်နိုင်မှာတောင်မဟုတ်ဘူး၊ ငါ့အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်၊ နောက်ပိုင်း မင်းအကူအညီလိုရင် ငါ့ကိုသာ ပြောလိုက်၊ အကောင်းဆုံးဖြစ်အောင် သေချာပေါက်ကူညီပေးမယ်"

သခင်ကြီးကျန်းက သူမဘေးတွင် ထိုင်နေသောကြောင့် ရှန်ယွဲ့မှာ အလွန်မှယဥ်ကျေးနေရလေသည်။

" ရပါတယ်၊ နင့်ကိုကယ်ပေးတာကလည်း အဆင်ပြေတဲ့ကိစ္စမလို့ပါ၊ ပြီးတော့ ငါ နင့်ကို ကယ်ပေးရတဲ့ ပိုပြီးတိကျတဲ့ အကြောင်းအရင်းကလည်း ငွေကြောင့်ပဲလေ၊ ဒါပေမဲ့...."

ရှန်ယွဲ့က ကျိုးရွှမ်း၏မျက်လုံးများကို ကြည့်လိုက်ပြီး သူမ၏အသံကို ရုတ်တရက်မြင့်လိုက်ကာ သူမ၏လေသံထဲတွင် လှောင်ပြောင်ကျီစယ်နေဟန် ပါနေတော့သည်။

"ဖယ်ဒရေးရှင်း ဗဟိုမြို့တော်က အကြီးဆုံးကော်ပိုရေးရှင်း ဥက္ကဋ္ဌရဲ့တူလေးရဲ့အသက်က ယွမ်တစ်သန်းပဲ တန်လိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး"

ရှန်ယွဲ့သည် ကျိုးရွှမ်းက သူမကို တော်တော်စိတ်ဝင်စားနေပုံရမှန်း ခံစားမိလေသည်။ ဒီလိုဆိုမှတော့ သူမကလည်း ဒီအခွင့်အရေးကို ယူပြီး ကျန်းမိသာစုကို ကယ်ဖို့ သူမ အနှောင့်အယှက်ဖြစ်ရတဲ့အတွက် ပိုများတဲ့အကျိုးအမြတ်ကို တောင်းပေးရမှာပေါ့။

ရှန်ယွဲ့စကားဆုံးသွားသည်နှင့် ရှက်ရွံ့သွာသည့်အမူအရာက ကျိုးရွှမ်း၏မျက်နှာပေါ်တွင် ထင်ထင်ရှားရှား ပေါ်လာတော့သည်။ အဲဒီတုန်းက သူက ကျိုးယန်ကို ဘယ်လောက် ပမာဏပေးချင်လဲဆိုပြီး ဆုံးဖြတ်ခွင့်ပေးခဲ့တာလေ။ ကျိုးယန်က သူ့အသက်ကို အဲလောက်ပေါ့ပေါ့ပါးပါး သဘောထားခဲ့မယ်လို့ ဘယ်ထင်ထားမှာလဲ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now