အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ

467 46 4
                                    

အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ

ရှိနေသည့်လူများထဲတွင် ရှန်ချန်တစ်ယောက်သာ သည်အနက်ရောင်ဝတ်စုံနှင့်လူများ၏ သရုပ်မှန်ကို မှတ်မိလေသည်။ သူသည် အနည်းငယ် တွေတွေလေးဖြစ်သွားတော့သည်။ ဒီလူတွေက ရှန်ယွဲ့ရဲ့ သက်တော်စောင့်တွေလုပ်နေတဲ့သူတွေ မဟုတ်ဘူးလား။

ဒါပေမယ့် တစ်ခါတုန်းက သူ့ကို ဖော်ဖော်ရွေရွေ နိမ့်နိမ့်ချချ ဆက်ဆံခဲ့ဖူးတဲ့ သက်တော်စောင့်တွေက လုံးဝတခြားလူတစ်ယောက်လိုပဲ။ သူတို့ရဲ့ လူသ-တ်လိုစိတ်တွေက ပေါ်လွင်နေပြီး တောင်ကြီးတစ်ခုလို့ တံခါးမှာ ကာဆီးထားလေရဲ့။ သူတို့အားလုံးက ပါမွှားလေးတွေနဲ့ မတူတော့ဘူး။

သက်တော်စောင့်များသည် ကျန်းမိသားစုခေါ်လာခဲ့သည့် လူကြမ်းများကို ထိန်းချုပ်ရန် မြန်မြန်ဝင်လာကြပြီး ကျန်းသားအမိ၏လမ်းကို ပိတ်ထားလိုက်လေသည်။ သက်တော်စောင့်ခေါင်းဆောင်က ရှန်ယွဲ့ဆီ ခြေလှမ်းကျဲများဖြင့် လျှောက်သွားလိုက်ပြီး လက်နှစ်ဖက်ယှက်ထားကာ ခေါင်းငုံ့ထားလိုက်သည်။

"မိန်းကလေးရှန်ယွဲ့ ကျေးဇူးပြုပြီး ဆက်လုပ်ပါ"

သူတို့သည် ရှန်ယွဲ့၏စကေးကို ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ ထို့ကြောင့် သူတို့သည် သူမ အနိုင်ကျင့်ခံရမည်ကို မစိုးရိမ်ကြပေ။ သူတို့သည်နေရာကို ရောက်လာရသည့်အကြောင်းအရင်းမှာ ရှန်ယွဲ့ကို ကူညီပေးရန်ဖြစ်ပြီး အခြေအနေကို ကူထိန်းပေးရန် ဖြစ်လေသည်။ အခုတော့ သူတို့သည် ထွက်ပြေးချင်နေကြသည့် ကျန်းရန်နှင့် ချောင်ဖန်းတို့ကို တားဆီးထားလိုက်သည်။ နောက်ဖြစ်မည့်ကိစ္စကတော့ ရှန်ယွဲ့အပေါ်တွင်သာ မူတည်တော့သည်။

ရှန်ယွဲ့သည် ကျိုးမိသားစုက လွှတ်လိုက်သော်လည်း သူမထံတွင် သစ္စာခံနေကြသည့် သက်တော်စောင့်များကို အလွန်မှ သဘောကျသွားတော့သည်။ သူမသည် ခေါင်းညိတ်ပြလိုက်ပြီး ရုန်းကန်နေသည့် ကျန်းရန်ကို တားဆီးရန် လက်ဆန့်ထုတ်လိုက်တော့သည်။

ကျန်းရန်၏မျက်လုံးများထဲတွင် ကြောက်စိတ်များ ပြည့်နက်နေ၏။ အငြိုးကြီးသည့် တစ္ဆေတစ်ကောင်နှယ် ရှန်ယွဲ့ပြောလိုက်သည့်စကားကို ကြားလိုက်ရလေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now