အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်

678 70 3
                                    

အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်

" ဆရာကြီးက သမီးကိုပုဂ္ဂိုလ်ရေးအရတိုက်ခိုက်ပြီး လူကြားထဲမှာ အရှက်ခွဲခဲ့တယ်၊ ကျောင်းထုတ်ပြီး ကောလိပ်ဝင်ခွင့် ဖြေဖို့အရည်အချင်းမရှိဘူးလို့လည်း ခြိမ်းခြောက်ခဲ့တယ်၊ ဒီဖြစ်စဥ်တစ်ခုလုံးကို မှတ်တမ်းယူထားပြီးပြီ ဆရာကြီးနဲ့ တရားရုံးမှာတွေ့မယ်"

ရှန်ယွဲ့သည် တည်တည်ငြိမ်ငြိမ်ပြောလိုက်လေသည်။ သူမသည် ပြောရင်းဆိုရင် ဖုန်းကို ထုတ်လိုက်ကာ ခဏလောက်စဥ်းစားလိုက်ပြီးနောက် နံပါတ်စဥ်တစ်ခုကို ဖုန်းခေါ်လိုက်တော့သည်။

" ရှန်ယွဲ့ အတင့်ရဲလှချည်လား ဖုန်းကို ကျောင်းယူလာရဲတယ်ဟုတ်လား၊ နင့်မျက်လုံးထဲမှာ ကျောင်းစည်းကမ်းဆိုတာရော ရှိသေးရဲ့လား"

ဌာနမှူး၏မျက်လုံးများသည် ပြူးကျယ်သွားပြီး ဒေါသတကြီးပြောလိုက်တော့သည်။

" နင်က ငါတို့တွေ တရားရုံးမှာ တွေ့နိုင်မယ်လို့ထင်နေတာလား၊ ရှန်ယွဲ့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရေထဲကျသွားပြီး နင့်ခေါင်းထိသွားတာလား"

မစ္စလီသည် သူမ၏မျက်လုံးများကို စွေကြည့်လိုက်လေသည်။ ရှန်ယွဲ့လို ဆင်းရဲသားမိသားစုမှ ကလေးတစ်ယောက်က ကျောင်းနှင့် ဥပဒေအရ ရင်ဆိုင်ဖို့ရာ ငွေရှိလိမ့်မည်ဟု သူမထင်ထားပေ။

သူမသည် ရှန်ယွဲ့က အားလုံး၏ရှုံ့ချခံရသည့် အခြေအနေရောက်သွားသည်ကို မြင်လိုက်ရချိန်၌ ချက်ချင်းပင် ဘဝင်မြင့်သွားတော့သည်။ သူမ၏ ကြောက်လွန်းသဖြင့် ငိုရတော့မည် အတွေ့အကြုံကို ချက်ချင်းမေ့သွားလေသည်။

ရှန်ယွဲ့က ပတ်ဝန်းကျင်က အသံများကို လစ်လျူရှုထားလိုက်၏။ သူမရှာဖွေနေသူမှာ သူမ လုပ်ကြံသူတစ်ယောက်ဖြစ်စဥ်က ရှိခဲ့ဖူးသည့် မိတ်ဆွေကောင်းတစ်ယောက်ပင်။ သူသည် ယဲ့ရင်းနှင့် အလွန်နက်ရှိုင်းသည့် ဆက်ဆံရေးရှိသည့် ရှေ့နေတစ်ယောက်ပင်။ သူ့နာမည်မှာ ရှီဖုန်း။

ရှီဖုန်းရှေ့နေအကျိုးဆောင်ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် နံပါတ်တစ်ကုမ္ပဏီဟု ဆိုနိုင်လေသည်။ သူလက်ခံလိုက်သည့် တရားစွဲဆိုမှုနှင့် မှုခင်း ကြီးကြီးသေးသေးသည် ဘယ်တော့မှ ရှုံးဖူးသည်မရှိချေ။ အမှန်တွင် ရှီဖုန်း၏စီးပွားရေးလုပ်ငန်းအဆင့်သည် အလွန်အားကောင်းရာ တရားစွဲဆိုမှုတစ်ခုကို ရင်ဆိုင်လျှင် သူသည် တဖက်လူနှင့် တဖက်လူ၏ရှေ့နေကိုပင် ထောင်ထဲသို့ ပို့နိုင်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now