အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း

1.2K 97 0
                                    

တီဗီပေါ်မှ သတင်းကို ကြည့်လိုက်ပြီးနောက် လင်ယွဲ့သည် တစ်စုံတစ်ခုက သူမ၏ဦးနှောက်ကို ဆွဲဆုတ်နေသည့်နှယ် ရုတ်တရက် ခေါင်းကွဲမတတ် ခေါင်းကိုက်သွားတော့သည်။ သူမသည် မတုန့်ပြန်နိုင်ခင်မှာပင် မရင်းနှီးသည့် မှတ်ဉာဏ်အလုံးအရင်းသည် သူမ၏စိတ်ထဲသို့ တိုးဝင်လာတော့သည်။

" ကျွန်တော်တို့ အခုပဲစစ်ဆေးပြီးပါပြီ၊ သူ အခု ကောင်းနေပါပြီ ဒါပေမယ့် သူ အရမ်းအားနည်းနေသေးတယ် ပြီး အနားယူဖို့လိုတယ်၊ အခုပဲ သူ့ကို ဆေးရုံပေးဆင်းချင်တာ သေချာရဲ့လား"

ဆရာဝန်က မေးလိုက်၏။

လင်ယွဲ့သည် ဖြည်းညင်းစွာနိုးလာ၏။ သူမခေါင်းထဲသို့ တိုးဝင်လာသည့် မှတ်ဉာဏ်များသည် အလွန်ကြမ်းတမ်းရာ သူမကို သတိပြန်လစ်သွားစေတော့သည်။ သို့သော် သည်တစ်ကြိမ် နိုးလာပြီးနောက်တွင်တော့ ဖြစ်ပျက်သမျှကို အလုံးစုံနားလည်သွားတော့သည်။

လုပ်ကြံသူ လင်ယွဲ့သည် အမှန်ပင် သေဆုံးသွားပြီဖြစ်သော်လည်း သူမ၏စိတ်ဝိဉာဥ်က ရှန်ယွဲ့အမည်ရှိသည့် သည်အထက်တန်းကျောင်းသူထဲသို့ သူ့ဟာသူပစ်ဝင်သွားပြီး မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များအားလုံးကို လက်ခံခဲ့ရလေသည်။ သူမ နှစ်ပေါင်းများစွာ လေ့ကျင့်လာသည့် လုပ်ကြံသူတစ်ယောက်၏ သန်မာသည့်ကိုယ်ထည်မှာ ပျောက်သွားလေသည်။ ယခုမူ သူမ၏ခန္ဓာကိုယ်မှာ ဝ,ကာ ရုပ်ဆိုးနေ၏။ သူမသည် ခြေလှမ်းနှစ်လှမ်းလောက် လှမ်းလိုက်လျှင်ပင် မောဟိုက်နေတော့သည်။

သို့တိုင် လင်ယွဲ့သည် စိတ်ပျက်မသွားပေ။ သူမသည် သည်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရပြီးဆိုမှတော့ မူလခန္ဓာကိုယ်ပိုင်ရှင်အတွက် ကောင်းကောင်း နေထိုင်ရမှာဖြစ်ပြီး ပြန်လည်မွေးဖွားခွင့်ရသည့် သည်အခွင့်အရေးကို တန်ဖိုးထားရပေမည်။ အခုချိန်ကစလို့ သူမသည် ရှန်ယွဲ့ ဖြစ်သွားပြီ။

" ဒါပေါ့ရှင့်၊ ကျွန်မတို့ ဆေးရုံဆင်းမှရမယ်၊ ကျွန်မတို့ မိသားစုက ဒီအသုံးမကျတဲ့ဟာအတွက် ငွေအများကြီးကို အလကား မသုံးနိုင်ပါဘူး"

ဆွန်းလင်သည် အထင်သေးစွာပြောလိုက်၏။ သူမ,တောင်းဆိုခဲ့သည့် နစ်နာကြေး ၃၀၀,၀၀၀ သည် အရာမထင်ဖြစ်သွားသည်ကို စဥ်းစားမိသွားချိန်၌ သူမသည် ဒေါသဖြင့် အံကြိတ်ထားလိုက်တော့သည်။ သူမသည် ရှန်ယွဲ့ကို အသေသ-တ်ပစ်ချင်နေတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now