အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး

769 74 1
                                    


အရင်က သူသည် ရှန်ယွဲ့ကို နားလည်မှုလွဲခဲ့ပြီး သူမကို အမှန်ပင် ပုံမလာသူဟု ထင်ထားခဲ့လေသည်။ သူသည် အမြဲလိုလို သူမအား အမှတ်တမဲ့ ရှောင်နေခဲ့သော်လည်း သူမနှင့် အပြန်အလှန်ဆက်ဆံပြီး သူမကို နားလည်မှုရသွားပြီးနောက် သူ့အစ်မ ရှန်ယွဲ့သည် အလွန်တော်ကာ ထူးချွန်သည့်လူတစ်ယောက်မှန်း သိလိုက်ရတော့သည်။ သူမသည် ကြင်နာကာ ဂရုစိုက်တတ်ပြီး ဖြောင့်မတ်လေသည်။ သူမတွင် ထူးချွန်သည့် အချက်များစွာရှိ၏။ ထို့ကြောင့် သူသည် မနေနိုင်တော့ဘဲ သူမနှင့် နီးသထက်နီးလာတော့သည်။

တဖက်တွင်တော့ သူ့နောက်အစ်မတစ်ယောက် ရှန်ရှင်းက ကောက်ကျစ်ပြီး တည့်တည့်ရှုရှု မရှိချေ။ သူမသည် ချိုသာကာ ချစ်စရာကောင်းသော်လည်း ရုပ်နှင့် စိတ်ကမလိုက်ချေ။ သူသည် သူမကို မကြိုက်ပေ။

သူမလိုချင်သည့် အဖြေရပြီးနောက် ဆွန်းလင်၏မျက်လုံးများသည် ဘေးဘီကို လှစ်ခနဲကြည့်လိုက်ပြီး သူမ၏အသံက ပို၍ပြတ်သားလာတော့သည်။

" ဒါဆို သူ ငွေအများကြီးရှာထားပြီးတော့ နင့်ကို ပိုက်ဆံဘယ်လောက်ပေးလဲ"

" အမ် ဒါက အစ်မက ကျွန်တော့်ကို ပိုက်ဆံမပေးပါဘူး၊ သူက ပစ္စည်းအားလုံး ဝယ်ပေးပါတယ်၊ သူ ကျွန်တော့်ကို ပိုက်ဆံပေးမယ်ဆိုရင်တောင် ကျွန်တော်လုံးလက်ခံမှာမဟုတ်ဘူး"

ရှန်ချန်သည် ရှက်သွားပြီး မြန်မြန်ရှင်းပြလိုက်တော့သည်။

သူ သတ်မှတ်ထားသည်က ရှန်ယွဲ့ ရှာထားသမျှငွေအားလုံးသည် သူမ၏အပိုင်ပင်။ သူသည် ဘယ်တုန်းကမှ မနာလိုမဖြစ်ချေ။ ရှန်ယွဲ့က သူ့အပေါ် အလွန်ကောင်းရုံနှင့်တင် အလွန်ကျေနပ်ပြီးဖြစ်သည်။

" ဘာလဲ၊ သူ နင်နဲ့ အဲလောက်ရင်းနှီးတာတောင် သူက နင့်ကို ပိုက်ဆံမပေးဘူးလား"

ဆွန်းလင်၏မျက်လုံးများသည် ကျယ်လာပြီး သူမ၏မျက်နှာထားက ချက်ချင်း အထင်သေးသလို ဖြစ်လာတော့သည်။

အပြစ်ကင်းလှသည့်ရှန်ချန်ကို ကြည့်ရင်း ဆွန်းလင်သည် သူမသား၏အကျင့်ကို သိနေလေသည်။ သူမသည် စားပွဲပေါ်က ကွန်ပျူတာနှစ်လုံးကို လက်ညိုးထိုးပြကာ မေးလိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Tahanan ng mga kuwento. Tumuklas ngayon