အပိုင်း ( ၄၁) သွေးရေပန်း

864 91 0
                                    

ဘာသာပြန်သူ - Chihiro Lily

အစပိုင်းတွင် ရှန်ယွဲ့သည် စိတ်ကောင်းဝင်နေသေးသည်။ သည်စဥ်းစားဉာဏ်ကင်းမဲ့သည့် လူသ-တ်သမား အုပ်စုက သူမကို လာရှာရခြင်းမှာ သူတို့နှင့် ကျိုးမိသားစုကြားက ရန်ငြိုးကြောင့်ဖြစ်ပြီး ကျိုးမိသားစု၏ ပြဿနာများကို ကူဖြေရှင်းပေးဖို့ရာ ကျေးဇူးတင်စရာကောင်းလောက်သည့် ကိစ္စလည်း မဟုတ်ဟု တွေးလိုက်လေသည်။ သူမသည် ပြဿနာများကို ကျိုးမိသားစုထံ ပြန်ပို့ပေးလိုက်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။

သို့သော် ယခုတော့ ဒီငနဲက သူမ၏ခေါင်းကို သေနတ်တစ်လက်နှင့်ပင် ချိန်ကာ သူမကို ခြိမ်းခြောက်ရဲလေသည်။ ရှန်ယွဲ့သည် မည်မျှပင် စိတ်ရှည်ကာ ပင်ကိုယ်စိတ်ရင်းကောင်းသည်ဖြစ်စေ ဒါကို ဆက်ပြီး သည်းမခံနိုင်တော့ပေ။

" ငါ နင်တို့နဲ့ ဘာရန်ငြိုးမှမရှိဘူးနော်၊ ပြီးတော့ နင်တို့နဲ့ ကျိုးမိသားစုကြားက ရန်ငြိုးထဲ ဝင်ပါဖို့လည်း စိတ်ကူးမရှိဘူး၊ ဒါကို ရှင်းပြခဲ့ပြီးသား၊ ဒါပေမယ့် နင်တို့က ငါ့ကို သတ်ချင်နေသေးတယ်၊ ကျွတ်.... နင်တို့ အဲလောက် အသက်ရှည်မယ်များ ထင်နေတာလား"

ရှန်ယွဲ့၏မျက်နှာပေါ်က အပြုံးသည် ဖြည်းညင်းစွာပျောက်ကွယ်သွားတော့သည်။ သူမရှေ့က အသက်ကို ခြိမ်းခြောက်နေသည့် ပစ္စတိုကို လစ်လျူရှုလိုက်ပြီး ခေါင်းဆောင်ယောက်ျားကို အသက်မဲ့နေသည့် အလောင်းကောင်တစ်ခုလို အေးစက်စက် စိုက်ကြည့်လိုက်သည်။

သူ လုံးဝမကြောက်ဘူးတဲ့လား။ သူက သူတို့ကိုတောင် ပြန်ခြိမ်းခြောက်ရဲသေးတယ်။ ကြည့်ရတာ ဒီလူကို ဓားစာခံအဖြစ် ခေါ်သွားလို့မရတော့ဘူးနဲ့တူတယ်။ ထိုယောက်ျားသည် မျက်မှောက်ကျုံ့လိုက်ပြီး သူ့စိတ်ထဲက မကောင်းသည့်ခံစားချက်မှာ ပိုကြီးလာတော့သည်။ ရှန်ယွဲ့သည် ချိနဲ့သည့် အထက်တန်းကျောင်းသူ တစ်ယောက်သဖွယ် ထင်ရလျှင်တောင် သူ သူမကို သ-တ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ထိုယောက်ျားက ခက်ထန်စွာ ပြောလိုက်၏။

" မင်းက မရိုးသားချင်မှတော့ ငါတို့တွေ မင်းရဲ့ခေါင်းကို ယူပြီး ကျိုးမိသားစုဆီမှာ သွားပစ်ပေးရလိမ့်မယ်၊ မင်း ငါတို့နဲ့ တွေ့တာ ကံဆိုးတာပဲ"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now