အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်

1K 101 0
                                    

ရှန်ရှင်းသည် စကားကောင်းပြောလိုက်သော်လည်း အမှန်တွင် သူမသည် ရှန်ယွဲ့ကျောင်းထွက်ရမည်ကို မစောင့်နိုင်ဖြစ်နေပြီး သူမနှင့် ခပ်ဝေးဝေးနေစေလိုလေသည်။ သူမသည် အလုပ်လုပ်ရန် မြို့ကထွက်သွားပြီး လုံးဝပြန်မလာလျှင် အကောင်းဆုံးပင်။

ကျောင်းတွင် တုံးအ,ရုပ်ဆိုးကာဝ,သည့် ရှန်ယွဲ့သည် တစ်ကျောင်းလုံး၏ ရယ်စရာကုန်ကြမ်းပင်။ ရှန်ရှင်းသည် သူမနှင့်ရှန်ယွဲ့တို့က ညီအမအရင်းဖြစ်ကြောင်း တခြားလူများသိသွားမည်ကို စိုးရိမ်ကာ နေ့တိုင်း အကြောက်တရားနှင့် နေခဲ့ရလေသည်။ ထိုသို့ဖြစ်လာလျှင် သူမပါ တခြားလူများ၏ လှောင်ပြောင်ခြင်းခံရလိမ့်မည်။ ဒါသည် လမ်းဆုံးပင်။

" အင်း သမီးရဲ့အမက သမီးတစ်ဝက်လောက်နားလည်တတ်ရင် အမေလည်း အမြဲတမ်း အနိုင်ကျင့်ခံရမှာမဟုတ်ဘူး"

ဆွန်းလင်သည် သူမ၏အလွန်ဉာဏ်ကောင်းကာ လိမ္မာသည့်သမီး ရှန်ရှင်းကို အလွန်သဘောကျနေ၏။ သူမသည် ရှန်ရှင်းအား ထောက်ခံသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး အစက အဆုံးအထိ သဘောထားကို ထုတ်မပြတ်သည့် ရှန်ချန်ကို လှည့်ကြည့်လိုက်လေသည်။

"သား နင်လည်း အဲလိုထင်တယ်နော် ဟုတ်တယ်မလား"

သို့သော် ဆွန်းလင်၏အထင်းကြီးရသော သူမ၏သားလိမ္မာ ရှန်ချန်က မျက်မှောင်ကျုံ့ပြီး ခေါင်းခါပြလိုက်လေသည်။

" ကျွန်တော်တို့ အမကို ကျောင်းမထွက်ခိုင်းနိုင်ဘူး"

" ဘာပြောလိုက်တယ်"

ရှန်ရှင်းသည် သူမ နားကြားမှားသွားသည်ဟု သံသယဖြစ်သွားသကဲ့သို့ ရှန်ချန်ကို မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်သည်။ ရှန်ရှင်းသည် ရှန်ယွဲ့ကို ရုပ်ဆိုးပြီး စိတ်ပျက်စရာဝက်တစ်ကောင်ဟု တွေးထားလေသည်။

ရှန်ချန်က အဲအရူးမအတွက် ပြောပေးနေတာဆိုတော့ ရူးနေတာပဲ ဖြစ်ရမယ်။

စကားတစ်လုံးဝင်မပါဘဲ သူမကိုယ်သူမ သက်ဆိုင်သူတစ်ယောက်ဟု မသတ်မှတ်သည့် ရှန်ယွဲ့လည်း သတိဝင်လာတော့သည်။ သူမသည် ရှန်ချန်ကို အထူးတလည် အကြိမ်ကြိမ်လေ့လာလိုက်ပြီးနောက် အနည်းငယ် အံ့ဩသွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now