အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ

904 94 0
                                    


" ဒီဝက်မက တကယ်ပဲ နောက်ဆုံးအားထုတ်တာ လုပ်ချင်နေတာပဲ၊ အသေရယ်ရတယ်ဟ"

" ဒီလောက်ခက်တဲ့ သင်္ချာမေးခွန်းကို ဖြေနိုင်မှာလဲမဟုတ်ဘဲနဲ့"

" အဲငတုံးမ ရှန်ယွဲ့သာ ဒီမေးခွန်းကို ဖြေနိုင်ရင် ဝက်မတွေကတောင် သစ်ပင်တက်တတ်သွားလိမ့်မယ်၊ လောင်းမလား၊ ရှန်ယွဲ့ ဖြေနိုင်သွားရင် အပေါ်ထပ် အောက်ထပ် -ျီးတွေ အကုန်စားပြမယ်"

ရှိုးကိုကြည့်နေကြသည့် ကျောင်းသားများသည် အပြန်အလှန် ပြောဆိုနေကြလေသည်။

ရှန်ယွဲ့သည် ကျောက်သင်ပုန်းပေါ်က မေးခွန်းများကို တစ်ချက် ကြည့်လိုက်ပြီးနောက် စိတ်ထဲတွင် နောက်ဆုံးအဖြေကို ချက်ချင်း တွက်ချက်လိုက်လေသည်။

လီရှောက်သည် သင်ခန်းစာကို တစ်ဝက်ပင် သင်လို့မပြီးသေးချေ။ ခက်ခဲမှုအဆင့်သည် သူမက ရှန်ချန်ကို သင်ပေးခဲ့သည့် ကောလိပ်ဝင်ခွင့်စာမေးပွဲ မေးခွန်းများလောက်ပင် မခက်ချေ။

ဆဲရေး လှောင်ပြောင်နေသည့် အခြေအနေကြားတွင် ရှန်ယွဲ့သည် ခဏရပ်လိုက်ပြီးနောက် လက်ကိုမြောက်ကာ အဖြေကို ချရေးလိုက်လေသည်။

အားပါးတရ ရယ်မောနေသည့်ကျောင်းသားမှာ အေးခဲသွားတော့သည်။

" သူ ပေါက်ကရတွေ ရေးနေတာမလား၊ ဒီအဆင့်တွေက..."

ရှန်ယွဲ့သည် တွေ့ကရာချရေးနေသည်ဟု ထင်ထားသည့် ကျောင်းသားတစ်ယောက်က အဖြေစာအုပ်ကို လှန်ကြည့်လိုက်ပြီး အဆင့်များ၏ ပထမတစ်ဝက်ကို ယှဥ်ကြည့်လိုက်ပြီးနောက် အံ့ဩသွားတော့သည်။

ရှန်ယွဲ့သည် အလွန်မြန်ဆန်လေသည်။ မြန်လွန်းသဖြင့် လီရှောက်နှင့် တခန်းလုံးသည် တုန့်ပြန်ဖို့ အချိန်ပင် မရလိုက်ချေ။

မြေဖြူချောင်းကို ပြန်ချလိုက်ပြီး ရှန်ယွဲ့သည် လက်ခုပ်တီးကာ စင်ဘေးတွင်ရပ်နေသည့် လီရှောက်ဘက်လှည့် ကြည့်လိုက်လေသည်။ သူမက မေးလိုက်၏။

" မစ္စလီ သမီးဖြေတာမှန်ရဲ့လား"

ထိုအချိန်မှ လီရှောက်သည် သတိပြန်ဝင်လာပြီး ကျောက်သင်ပုန်းပေါ်တွင် ချရေးထားသည့် ရှန်ယွဲ့၏အဖြေကို အမှတ်တမဲ့ကြည့်လိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now