အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း

648 56 0
                                    

အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း

ဆွန်းလင်သည် အဓိပ္ပါယ်ပြန်ပေးလိုက်ပြီး ဟန်ဆောင်မျက်နှာထားဖြင့် ပြောလိုက်လေသည်။

" အမေပြောချင်တာက ရှန်ယွဲ့ရဲ့ ထင်ယောင်ထင်မှားအတွေးတွေရဲ့ လှည့်စားတာကို မခံသင့်ဘူးလို့၊ သူက နင်အဆင့်ကောင်းတာကို မလိုနေတာဖြစ်မှာပေါ့၊ ဒါကြော်င့ ဒီလိုပစ္စည်းတွေနဲ့ နင့်ကို တမင်ဆွဲဆောင်ပြီး တက္ကသိုလ်ကောင်း မတက်ရအောင် နင့်ကို ဆွဲချနေတာလေ"

"အမေရယ် အစ်မက အရမ်းဉာဏ်ကောင်းပြီး သဘောကောင်းတာပါ၊ ကျေးဇူးပြုပြီး သူ့အကြောင်း အဲလိုတွေမပြောပါနဲ့ ကွန်ပျူတာသုံးတယ်ဆိုတာကလည်း ကျွန်တော့်ဝါသနာသက်သက်ကြောင့်ရယ်ပါ"

ရှန်ချန်သည် မောက်စ့်ကို ထိန်းထားရာမှ လွှတ်လိုက်ပြီး လေးနက်သည့်မျက်နှာထားဖြင့် သေသေချာချာ ပြောလိုက်တော့သည်။

ဆွန်းလင်က ရှန်ချန်ရှင်းပြနေသည်ကို မကြားသလို ဟန်ဆောင်နေလိုက်သည်။ သူ့အမူအရာ မကောင်းတော့သည်ကို မြင်လိုက်ရပြီး သူမဆက်ပြောလျှင် သူ စိတ်ဆိုးသွားမည်ကို စိုးရိမ်သွားတော့သည်။ သူမသည် ရှန်ယွဲ့အားဆဲရေးနေသည့် စကားလုံးများကို မြန်မြန်မြိုချထားလိုက်ရတော့သည်။

စာမေးပွဲတိုင်း ဂဏန်းတစ်လုံးပဲ အမြဲရတဲ့ ရှန်ယွဲ့က ဉာဏ်ကောင်းတယ်ဆိုတဲ့ စကားလုံးနဲ့ လုံးဝမဆိုင်တာကြီး။ ဘာပဲဖြစ်ဖြစ် ရှန်ယွဲ့ ဉာဏ်ကောင်းလာတယ်ဆိုတာကိုတော့ သူမလုံးဝ မယုံပါဘူး။ ရှန်ယွဲ့က ပရုိဂရမ်ရေးပြီး ငွေရှာနေသည်ဟု ကြားလိုက်ချိန်တုန်းကပင် ဆွန်းလင်သည် ရှန်ယွဲ့က ကံကောင်းသွားလို့သာ ဟူ၍ ထင်လေသည်။ နောက်ဆုံး ဒီဝတုတ်မ ၊ ငတုံးအမှိုက်မ ရှန်ယွဲ့က သူမရဲ့ ရှန်ချန်နဲ့ ရှန်ရှင်းထက်တော့ ဘယ်သာနိုင်မှာလဲ။

" အဲဒီအရူးမရှန်ယွီ ပြီးခဲ့အခေါက်တုန်းက ငါနဲ့ လောင်းကြေးတစ်ခု လုပ်ထားသေးတယ်၊ သူက ကျောင်းက လပတ်စာမေးပွဲမှာ ပထမရနိုင်တယ်တဲ့လေ၊ အင်းပါ ဒီအကြောင်း ထပ်မပြောတော့ပါဘူး ချန်ချန် သား ဘာလုပ်နေတယ်ဆိုတာ သိတာ အမေသိပါတယ်၊ တတ်နိုင်သလောက်တော့ ကွန်ပျူတာတွေ သိပ်မဆော့ပါနဲ့နော်၊ ကြိုးစားပြီး တက္ကသိုလ်ကောင်းတစ်ခု ရအောင်လုပ်"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now