အပိုင်း (၇) နားလည်ရဲ့လား

968 98 0
                                    

ရှန်ချန်သည် သင်္ချာပုစ္ဆာတစ်ပုဒ်နှင့် အခက်တွေ့နေ၏။ သူသည် သူ့ခေါင်းကို ကုတ်ရင်း အဖြေများကို ကြိုးစားထုတ်နေသော်လည်း သည်မေးခွန်းကို မဖြေရှင်းနိုင်ခဲ့ချေ။ သူသည်အနည်းငယ် စိတ်ရှုပ်နေတော့သည်။ သည်အချိန်တွင် သူသည် စာလုပ်ခြင်းကို အာရုံမစိုက်နိုင်တော့ရာ ရှန်ယွဲ့ အနားကပ်လာသည်နှင့်ချက်ချင်း သတိထားမိသွားတော့သည်။

ရှန်ချန်သည်  တံခါးကို နံရံလိုမှီနေသည့် ရှန်ယွဲ့ကို  လှည့်ကာတစ်ချက်ကြည့်လိုက်လေသည်။ သူသည် အနည်းငယ် မျက်မှောင်ကျုံ့လိုက်ကာ ပြောလိုက်၏။

" ဘာကိစ္စရှိလို့လဲ"

ရှန်ယွဲ့သည် အင်မတန်အားကောင်းသည့် ဝီရိယတစ်ခုရှိလေသည်။ သူမသည် စိတ်ရှုပ်မှုများကို တန်းဖယ်ရှားလိုက်ပြီး ရှန်ချန်စကားကို လိုက်နင်းကာ တန်းမေးလိုက်လေသည်။

" ငါ ဝင်လာလို့ရလား"

ခဏတာတိတ်ဆိတ်သွားပြီးနောက် ရှန်ချန်သည် အင်တင်တင်ဖြင့်

"ရပါတယ်"

သို့နှင့် ရှန်ယွဲ့သည် ရှန်ချန်၏အခန်းထဲသို့ သဘာဝကျကျ အေးဆေးကာ ဝင်လာလိုက်သည်။ အခန်းကို ပတ်ကြည့်လိုက်ပြီး ရှန်ချန်၏အခန်းသည် စာအုပ်များနှင့်ပြည့်နေသည်ကို သိသွားတော့သည်။ စာအုပ်များကလွဲလျှင် ပျော်စရာအရာများနှင့် ပက်သတ်တာများ တစ်ခုမှမရှိချေ။ အလွန်ရိုးရှင်းလေသည်။

သူမသည် ရှန်ချန်ရှေ့က မေးခွန်းစာရွက်ကို ကြည့်လိုက်၏။ ရှန်ယွဲ့သည် တစ်ခါ နှစ်ခါလောက်ကြည့်လိုက်ပြီး မေးလိုက်လေသည်။

" စာလုပ်နေတာလား"

ရှန်ချန်သည် သူ့နှုတ်ခမ်းများကို သိသိသာသာ စေ့ထား၏။ သူသည် ပြန်မပြောလိုက်သော်လည်း တစ်ခုခုကို ရုတ်တရက် သတိထားမိသွားသယောင်။ အံဆွဲကို ဖွင့်လိုက်ပြီး ချိုချဥ်တစ်လုံးကို ယူကာ လှမ်းပေးလိုက်လေသည်။

" နင် ဒီနေ့ညစာ အများကြီးမစားခဲ့ရဘူးနော်၊ ချိုချဥ်စားလိုက် ၊ မဟုတ်ရင် မေ့လဲသွားလိမ့်မယ်"

ရှန်ယွဲ့သည် သူမ၏မောင်လေးက သူမကိုမကြည့်ဘဲ အကောင်းဆုံးကြိုးစားကာ သူမဆီ ချိုချဥ်လှမ်းပေးလိုက်ပုံကို မရယ်ဘဲ မနေနိုင်ဖြစ်သွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now