အပိုင်း (၁၅၀+၁၅၁)

368 38 2
                                    

အပိုင်း (၁၅၀) သူစိမ်းတစ်ယောက်ပါ

ကျိုးရွှမ်းလို ရင့်ကျက်တည်ငြိမ်သည့်ယောက်ျားတစ်ယောက်ကို လူများက သတိထားမိကြမည်မှာ မလွဲပေ။ သူ၏စူးရှမည်းနက်သည့်မျက်လုံးများက ပင်လယ်ကဲ့သို့ နက်ရှိုင်းနေပြီး အောက်ခြေကို မမြင်နိုင်ပေ။ သူ၏ခပ်ထန်သည့်မျက်နှာက ပြေပြစ်မှုမရှိသည့်အေးစက်စက် သဘောထားတစ်ခု ယှက်သန်းနေရာ ဖြတ်သွားသည့် အမျိုးသမီးငယ်လေးများကို နှစ်ခါပြန်လှည့်ကြည့်ရစေလေသည်။

မေးခံလိုက်ရသဖြင့် ရှန်ယွဲ့က လွှတ်ခနဲထွက်သွားတော့သည်။

" သူက သူစိမ်းသက်သက်ပါ"

ထိုစကားကို ကြားလိုက်ချိန်တွင် ကျိုးရွှမ်း၏အမူအရာက လုံးဝပြောင်းလဲမသွားချေ။ သူသည် ဘေးဘီကိုကြည့်လိုက်ပြီး တော်တော်ထောင့်ကျသည့်နေရာတစ်ခုကို ရှာဖွေကာ ထိုင်လိုက်လေသည်။ သူက ဘေးတွင်ချထားသည့် မီနူးကို ကောက်ကိုင်လိုက်ပြီး ဘောပင်ကို လက်ထဲတွင် နှစ်ခါလောက်လှည့်လိုက်ပြီးနောက် နာမည်ကြီးဟင်းလျာတစ်ချို့ကို အမှန်ခြစ်လိုက်သည်။ မီနူးကို သူဌေးအား ပြန်ပေးလိုက်ပြီး သူက မော့ပင်မကြည့်ချေ။ သူက အေးစက်စက်နှင့်သာ ပြောလိုက်လေသည်။

" ဟင်းပွဲတွေ ချပေးပါ"

သူဌေးမှာ လုံးဝ အချိန်မဆွဲရဲပေ။ တစ်ခုခု ကျန်ခဲ့မည်စိုးသဖြင့် သူကိုယ်တိုင် မီးဖိုဆောင်သို့ ပြေးသွားပြီး စားဖိုးမှူးကို ညွှန်ကြားလိုက်လေသည်။

!!

ရှန်ယွဲ့သည် တခြားသူများ၏အကြည့်ကို ဂရုမစိုက်ဘဲ ကျိုးရွှမ်း၏မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။

" ဒီဆိုင်က အစားသောက်တွေက အရမ်းနှေးတယ်၊ နောက်ဆုံး အစားအသောက်က ငွေပဲလေ၊ ပစ္စည်းကောင်းတွေက အမြဲတမ်း နောက်ကျမှရောက်လာတတ်တယ်"

ကျိုးရွှမ်းသည် ထိုစကားကို ကြားလိုက်ချိန်တွင် စိတ်မဆိုးသည့်အပြင် မူလက အေးစက်စက်မျက်နှာသည်လည်း အနည်းငယ် ပျော့ပြောင်းသွားတော့သည်။ ရှန်ယွဲ့၏စကားမှာ သူ့ကို ထောက်ပြနေပြီး သူတို့ကျိုးမိသားစုက နောက်ကျမှ ကျေးဇူးဆပ်သည့်အကြောင်းကို အရိပ်အမြွှက်ပြောလိုက်ခြင်းပင်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now