အပိုင်း (၁၆၂+၁၆၃)

366 31 1
                                    


အပိုင်း (၁၆၂) ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ်လက်ခံပေးပါ

ဝန်ထမ်းများသည် ရှန်ယွဲ့ကိုမြင်လိုက်သောအခါ သူတို့လုပ်လက်စများကို ရပ်ထားလိုက်ပြီး သူမကို လှည့်ကာ နှုတ်ဆက်လိုက်ကြသည်။

"မင်္ဂလာပါ သူဌေး"

သည်နှုတ်ဆက်သံကြားတွင် ရှန်ယွဲ့သည် စိတ်ကူး တစ်ခုရသွားတော့သည်။ ဒါက.... ကုမ္ပဏီတစ်ခု ဖွင့်နေတာပဲ။ ငါ ဒီခန္ဓာကိုယ်ထဲမှာ ပထမဆုံး ပြန်မွေးဖွားလာတုန်းက ငါ့ရဲ့အတွေးအားလုံးက ငါ့ကို အန္တရာယ်ပေးခဲ့တဲ့သူတွေကို ဘယ်လို လက်စားပြန်ချေရမလဲဆိုတာကိုပဲ အာရုံစိုက်ထားခဲ့တာ။ ဒါပေမဲ့ အခုတော့ ရုတ်တရက်ကြီး ကောင်းမွန်တဲ့ဘဝတစ်ခုမှာ နေချင်လာတယ်။

ရှန်ယွဲ့သည် တုန်းယန်ကို မြင်မြင်ချင်း မှတ်သွားလေသည်။ အရင်ဘဝက စုံစမ်းရေးလုပ်ခဲ့စဥ် တုန်းယန်သည် ဖယ်ဒရေးရှင်း ဗဟိုမြို့တော်က တုန်းမိသားစု၏ ခေါင်းဆောင် တုန်းဖန်း၏ တစ်ဦးတည်းသောသား ဖြစ်ကြောင်း သိခဲ့ရသည်။

တုန်းယန်ကို တွေ့လိုက်ရချိန်တွင် ဟန်ရဲ့က သူမကို ထမင်းကျွေးဖို့ ခေါ်ထုတ်လာရသည့်အကြောင်းအရင်းကို ချက်ချင်းနားလည်သွားတော့သည်။ သူက ကြားထဲတွင် လူကောင်းတစ်ယောက်ဖြစ်ပြီး ဒါကို အသုံးချကာ တုန်းယန်ကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်သည်။ ကောင်းလိုက်တဲ့အကြံပဲ။ ဒါပေမဲ့ ငါက ဂရုမစိုက်ပါဘူး။

ရှန်ယွဲ့က တုန်းယန်နှင့် ကျန်လူနှစ်ယောက်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ပြီး ကုလားထိုင်ကို အလျင်မလိုပဲ ဆွဲထုတ်လိုက်ကာ သူတို့ရှေ့တွင် ထိုင်ချလိုက်လေသည်။

!!

"အားနာပါတယ် မိန်းကလေး၊ ဒီမှာ လူရှိပါတယ်၊ ကျွန်တော်တို့ လူတစ်ယောက်ကို စောင့်နေတာပါ၊ ကျေးဇူးပြုပြီး တခြားနေရာကို ပြောင်းပေးပါ"

ဟန်ရဲ့က မသက်ဆိုင်သူတစ်ယောက်က မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် ရှန်ယွဲ့ကို တားမြစ်ချင်ခဲ့လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now