အပိုင်း (၁၆၈ + ၁၆၉)

351 35 2
                                    

အပိုင်း(၁၆၈) မတော်တဆမှု

သူမသည် မြေအနေအထား ကွဲပြားသည့် နေရာတစ်ခုအရောက်တွင် ရှန်ယွဲ့က ကန့်လန့်ဖြတ်နေရာတစ်ခုကို ချိန်ရွယ်ထားလိုက်သည်။ လုံးဝတွေဝေမနေဘဲ သူမက စိတ်ထဲတွင် သတ်မှတ်ထားသည့် အတိုင်း လီဗာကို နင်းကာ လေထဲတွင် စတီယာရင်ကို အကြိမ်အနည်းငယ် လှည့်လိုက်လေသည်။ နောက်ဆုံးတွင် သူမသည် နှစ်တစ်သောင်းသက်တမ်းရှိ ထင်းရှူးပင်နှစ်ပင်ကို အလွယ်တကူ လွန်းထိုးသွားပြီး မျက်နှာချင်းဆိုင်လမ်းပေါ်သို့ ပုံမှန်အတိုင်း ဆင်းသက်သွားတော့သည်။

ဒါသည် မောင်းနေရမည့်လမ်းကြောင်း၏ ကြီးမားသည့်အပိုင်းတစ်ပိုင်းစာ သက်သာသွားစေတော့သည်။

သူသည် နောက်ဆုံးအကွေ့မှ ထွက်လာသည်နှင့် ရှန်ယွဲ့က လှုပ်ရှားမှုသုံးခုကိုသာ ပြုလုပ်လိုက်သည်။ စတီယာတိုင် ထိန်းထားပြီး ဂီယာပြောင်းကာ ဘရိတ်ကို နင်းလိုက်တော့သည်။ သူမသည် အကွေ့ကို ချိုးဖျက်ရန် ပြီးပြည့်စုံသည့် driftတစ်ခုအပေါ်ကို အားကိုးထားလိုက်တော့သည်။ သည်အခိုက်တွင် သူမသည် ဖုန်းယဲ့တောင့်ရှိ အလှပဆုံးရှုခင်းတစ်ခု ဖြစ်နေသည့်နှယ်။

" အချိန်က ငါ့ထက်နှစ်ဆ ပိုပြန်တာပဲ၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

တုန်းယန်က ပြေးလမ်းကြောင်းကို ပြီးသွားပြီး သူ့ရှေ့တွင် ရပ်နေသည့် ရှန်ယွဲ့ကို ကြည့်လိုက်လေသည်။ ထို့နောက် သူသည် သူ့လက်ပတ်နာရီပေါ်က အချိန်ကို ငုံ့ကြည့်လိုက်တော့သည်။ သူ့မျက်လုံးများမှာ အမှတ်တမဲ့ ဝိုင်းစက်သွားတော့သည်။

ဒီတစ်ကြိမ်တွင် ရှန်ယွဲ့၏စကေးများက တုန်းယန်ကို လုံးဝယုံကြည်မှုရှိသွားစေတော့သည်။

" နင် နားလည်လား"

ရှန်ယွဲ့၏စကားများက အလွန်မှ သက်တောင့်သက်သာဖြစ်နေ၏။ ကားပေါ်က ဆင်းလိုက်ပြီးနောက် သူမက မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့်အကြည့်တစ်ခု ဖြစ်နေသည့် တုန်းယန်ကို ကြည့်လိုက်လေသည်။

"ဒါပေမဲ့ နင် နားမလည်ဘူးဆိုရင်လည်း ငါ လုပ်တတ်တာမရှိတော့ဘူး၊ ငါ့ တစ်ပတ်ပဲမောင်းမှာ၊ ငါ ဒါကို အရင်ကလည်းပြောပြီးပါပြီ၊ ငါ သင်ပဲသင်ပေးမှာလို့"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Tempat cerita menjadi hidup. Temukan sekarang