အပိုင်း (၅၃) အိုင်ဒေါအဟောင်း

798 77 0
                                    


ရှန်ယွဲ့ကို ကာကွယ်ပေးဖို့ သူလွှတ်ထားတဲ့ သက်တော်စောင့်တွေက တကယ်ပဲ သူမရဲ့အလုပ်သမားတွေလို အသုံးချခံနေရတာတဲ့လား။ ကျိုးရွှမ်းသည် ဒေါသထွက်မိပြီး ရယ်ချင်သွားတော့သည်။ သူ့မျက်ခုံးကြားက နေရာကို ကူကယ်ရာမဲ့ကာ ပွတ်လိုက်မိတော့သည်။

" သူ အဲလိုပြောခဲ့တယ်ဆိုတော့လည်း သူ့စကားကိုပဲ နားထောင်ခိုင်းလိုက်ပါ"

ကျိုးရွှမ်းသည် လက်ခါပြလိုက်ပြီး အတွင်းရေးမှူးကို ထွက်သွားခိုင်းလိုက်လေသည်။

အစောပိုင်းက သူထင်ထားတာက ဒီကောင်မလေး ရှန်ယွဲ့က နည်းနည်းဉာဏ်ကောင်းတယ်ပေါ့လေ။ သူ့မှာ ဒီလို စဥ်းလဲပြီးဖြတ်ထိုးဉာဏ်ကောင်းတဲ့ အခြမ်း ရှိနေမယ်လို့ ထင်မထားခဲ့ဘူး။ သူက ဘာကိုမှ မကြောက်တာပဲ။ သူလွှတ်လိုက်တဲ့ သက်တော်စောင့်တွေကို အပျော့ဆွဲဆွဲထားတဲ့အပြင် သူ့အသက်ကို ယူသွားနိုင်တဲ့ လူသ-တ်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခု ပိုင်ဆိုင်ထားတာ ကျိုးမိသားစုကိုလည်း ဂရုမစိုက်ဘူးတဲ့။ စံပါပဲ။

ဒါက သာမန်ဆင်းရဲသားမိသားစုတစ်ခုက ပျိုးထောင်ပေးထားတဲ့ ကလေးတစ်ယောက်နဲ့ လုံးဝကိုမတူဘူး။ ရှန်ယွဲ့ ဒီလောက်တောင် လွှတ်လက်ပြီး အကြောက်တရားမရှိနေနိုင်အောင် ဘာတွေ တွေ့ကြုံခဲ့ရမှန်း သူမသိပါဘူး။ ကျိုးရွှမ်းသည် ချက်ချင်းပင် သိချင်စိတ်ဖြစ်သွားတော့သည်။ ထိုအတွေးကြောင့် နောက်ထပ်နာမည်တစ်ခုသည် ကျိုးရွှမ်း၏စိတ်ထဲတွင် မတတ်သာပဲ ပေါ်လာတော့သည်။ လင်ယွဲ့။

ရှန်ယွဲ့ရဲ့ ကိစ္စတွေကို ဖြေရှင်းတဲ့စတိုင်က နာမည်ကြီး ကမ္ဘာနံပါတ်တစ်လူသ-တ်သမားနဲ့ အရမ်းတူနေတယ်။ သူတို့နှစ်ယောက်လုံးက တော်ပြီး ပေါ့ပေါ့တန်တန် မနေကြဘူး။ ကျိုးရွှမ်းသည် သူသာ ရှန်ယွဲ့ကို သေသေချာချာ ပျိုးထောင်ပေးလိုက်လျှင် သူမသည် လင်ယွဲ့ကဲ့သို့ ပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ခံစားလိုက်ရလေသည်။

ကံအကြောင်းမသင့်တော့ သူသည် လင်ယွဲ့ကို ရှာမတွေ့နိုင်ခင်မှာပင် သူမသည် ဖယ်ဒရယ်၏ လျှို့ဝှက်အဆောက်အုံပေါက်ကွဲမှုထဲတွင် သေဆုံးသွားခဲ့ပြီး အရေးကြီး ကိုယ်ရေးအချက်များနှင့် လျှို့ဝှက်အချက်အလက်များနှင့်အတူ ပြာဖြစ်သွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now