အပိုင်း (၃၈) သူမရဲ့သရုပ်မှန်

888 98 0
                                    

သည်အခိုက်တန့်တွင် သူတို့သည် အကွေ့တစ်ခုနားရောက်နေပြီ ဖြစ်သည်။ တုန်းယန် အမှတ်တမဲ့ အရှိန်လျှော့လိုက်မိသွားပြီး ရှန်ယွဲ့၏ကားနီလေးသည် အကြောက်လန့်မရှိ ဂီယာကို တစ်ဖန် ထပ်နင်း လိုက်လေသည်။ တာယာသည် လမ်းနှင့် ပွတ်တိုက်ကာ ကျယ်လောင်သည့် အသံကြီးတစ်ခုထွက်လာပြီး ကားနီလေးသည် တုန်းယန်၏ကားနှင့် တူတူ ဆွဲပါသွားတော့သည်။

တုန်းယန်မှာ ကျော်တက်သွားသည့် အလွန်ခက်ခဲသည့် နည်းကြောင့် အလန့်တကြားဖြစ်သွားတော့သည်။ သူ့ကို ပိုအံ့ဩရစေသည်မှာ ရှန်ယွဲ့သည် သူ့ရှေ့က နောက်ထပ် ထောင့်ချိုးအကွေ့တစ်ခုကို မြင်လိုက်ချိန်တွင် သူမသည် စတီယာတိုင်ကို လုံးဝ ချိုးမချလိုက်ပဲ အကွေ့၏ ဟနေသည့်ထောင့်ဖြတ်အတိုင်း အရှိန်ဖြင့် မောင်းဝင် သွားလိုက်လေသည်။

ဖုန်းယဲ့တောင်၏ ပြိုင်ပွဲလမ်းကြောင်းကို တုန်းယန် စိတ်ဝင်ရခြင်းမှာ အချိုးအကွေ့အလွန်များပြီး အချိုးအကွေ့များတွင် မြန်မြန် မှန်မှန် မောင်းတတ်သည့် တုန်းယန်က သူ့စကေးကို ချပြနိုင်သောကြောင့်ပင်။

သို့သော် ရှန်ယွဲ့၏ ရဲတင်းလွန်းသည့် လှုပ်ရှားမှုများကို မြင်လိုက်ရပြီးနောက် သူ့မှာ လန့်ဖျတ်သွားတော့သည်။ ဒီလူ ရူးသွားလို့ ပြိုင်ပွဲကို ဒီလို အဆုံးသတ်ချင်နေတာမလား။

တုန်းယန်သည် အတွေးနစ်နေဆဲတွင် ရှန်ယွဲ့၏ပြိုင်ကားလေးသည် ကြံခိုင်ဖြတ်လတ်သည့် တောင်ဆိတ် တစ်ကောင်အလား လေထဲတွင် ခုန်သွားကာ ပိုးကိုက်ထားသည့် သစ်ရွက်ကြီးတစ်ခုကို ဖြတ်တိုက်သွားပြီးနောက် မျက်နှာချင်းဆိုင် လမ်းပေါ်သို့ ဖြေးညင်းစွာ ကျသွားလေသည်။ ဒီကောင်မလေး သူ့ထပ် အများကြီး မြန်တာ မထူးဆန်းတော့ဘူး။ သူက ကိုယ့်ကိုယ်ကို အဆုံးစီရင်နည်းလမ်းကို သုံးပြီး ဖြတ်လမ်းလိုက်သွားတာပဲ။

သို့သော်ငြား တုန်းယန်သည် ထိုအကြောင်းကို နားလည်ထားလျှင်တောင် သူ့တွင် တတ်နိုင်သည်က ဘာမှမရှိချေ။ ကားနီလေးက သူ့နှင့် ဝေးသထက် ဝေးသွားသည်ကိုသာ ကူကယ်ရာမဲ့ရင်း ကြည့်နေရတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now