အပိုင်း (၆၈) အမှတ်ပြည့်

621 61 0
                                    

အပိုင်း (၆၈) အမှတ်ပြည့်

ကျောင်းခေါင်းလောင်းတီးသည်နှင့်တပြိုက်နက် ဆူပူမှုကို ကြည့်ချင်ကြသည့် ကျောင်းသားအများအပြားက တတိယနှစ်ဆရာများရုံးခန်းကို ချက်ချင်းအပြေးလွှားရောက်လာကြတော့သည်။ သူတို့အားလုံးသည် ဗျိုင်းလည်ပင်းများကဲ့သို့ အထဲသို့လှမ်းကြည့်ရင်း အငြားပွားခြင်းနှင့်ပတ်သက်သည့် အတွင်းသတင်းများကို ထပ်သိရရန် မျှော်လင့်နေတော့သည်။

သို့သော် ထိုအခိုက်တန့်တွင် ရုံးခန်းထဲ၌ မည်သူမှ မရှိကြချေ။ မရေမတွက်နိုင်သည့် ကျောင်းသားကျောင်းသူများက အုပ်လိုက်ရောက်လာကြသော်လည်း သူတို့သည် လွဲချော်သွားကြတော့သည်။

ရှန်ချန်သည် အတန်းပြီးပြီးချင်း စာမေးပွဲတွင် သုည ရသည့်ကိစ္စကို ဖြေရှင်းရန် ရှန်ယွဲ့၏အခန်းသို့ စိုးရိမ်တကြီးပြေးလာခဲ့တော့သည်။ သူသည် တံခါးနားသို့ရောက်သွားသည်နှင့် အလောတကြီးပြေးထွက်လာသည့် ကျောင်းသားတစ်ယောက်နှင့် တိုက်မိလုနီးနီး ဖြစ်သွားတော့သည်။

" ဆောရီးနော်"

ရှန်ချန်ကို ဝင်တိုက်လိုက်သည့် ကျောင်းသားက မြန်မြန်ခေါင်းငုံ့ကာ တောင်းပန်လိုက်လေသည်။ သူသည် မော့ကြည့်လိုက်ချိန်၌ ရှန်ယွဲ့နှင့် မကြာမကြာလမ်းလျှောက်လာတတ်သည့် ရှန်ချန်မှန်း သိလိုက်ရကာ ချက်ချင်း အံ့ဩတကြီးပြောလိုက်တော့သည်။

" ရှန်ယွဲ့က ဆရာမနဲ့ စကားများလို့လေ၊ မင်းဘာလို့ ဒီမှာရှိနေသေးတာလဲ"

အစ်မနဲ့ ဆရာမက စကားများကြတယ်ဟုတ်လား။ ရှန်ချန်၏မျက်နှာသည် ရုတ်ချည်း ဖြူဖျော့သွားတော့သည်။ ဆူပူမှုကို ကြည့်ရန် နေရာပေါင်းစုံမှာ ပြေးလာနေကြသည့် လူအုပ်ကြီးကို ကြည့်လိုက်ပြီး အံ့ဩစွာဖြင့် ပြောလိုက်လေသည်။

"သူဘယ်သွားလိုက်တာလဲ"

" ငါလည်းမသိဘူး၊ ဘာပဲဖြစ်ဖြစ် သူ ဆရာများရုံးခန်းမှာ မရှိဘူး၊ ဒါပေမယ့် သူမသွားခင် ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် တစ်ယောက်ယောက်ကို ရှာချင်တယ်လို့ပြောသွားတယ်၊ သူ့ကိုအတူတူသွားရှာရအောင်"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now