အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်

923 98 0
                                    


" နင်ဘာပြောလိုက်တယ်"

ယွီဟောက်သည် သူ၏တကိုယ်ရည်ဆွဲဆောင်မှုထဲတွင် နစ်မြောနေဆဲ။ သူသည် ရှန်ယွဲ့၏စကားကြောင့် ချက်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူသည် နားကြားမှာလိုက်သည်ဟု ထင်မိလိုက်တော့သည်။

သူတို့နားတွင် ကျောင်းသား ကျောင်းသူများ ပိုများလာပြီး သူတို့ကို လက်ညိုးထိုး ပြောဆိုနေသည်ကို မြင်လိုက်ရသောအခါ ကျောက်ရွေ့သည် တံတွေးမျိုချလိုက်ပြီး အံကြိတ်ကာ

" ငါ တောင်းပန်ပါတယ်၊ ငါ့ကို ချပေးတော့"

ရှန်ယွဲ့သည် မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီးနောက် ကျောက်ရွေ့၏ကော်လံကို လွတ်ပေးလိုက်လေသည်။

ကျောက်ရွေ့သည် လွတ်လပ်သွားသည်နှင့် တပြိုင်နက် သူသည် စိုးရိမ်ဒေါသ ဖြစ်သွားတော့သည်။ သူ့တံတွေးနှင့်သူ သီးမလိုပင်ဖြစ်သွားတော့သည်။ ရှန်ယွဲ့သည် သူ့ရှေ့တွင် နံရံတစ်ခုလို ရပ်နေသည်ကို မြင်လိုက်ရပြီးနောက် သူသာ ကောင်းကောင်း မပြုမူလျှင် နံရံတွင် ထပ်ချိတ်ဆွဲခံရမည်ပုံဖြစ်နေရာ သူသည် မကျေမနပ်ဖြင့်သာ ပြောနိုင်လေတော့သည်။

" ငါ.... မှားသွားပါတယ်၊ ငါ နင်တို့တွေအကြောင်း မပြောခဲ့သင့်ဘူး၊ ဟုတ်ပြီနော်"

သည်ငနဲက အရှုံးပေးလိုက်သည်ကို မြင်လိုက်ပြီးနောက် ရှန်ယွဲ့သည် တခြားသူများက သူမကိုရယ်မောကြမည်ကို တားဆီးရန် ကိစ္စများကို ပိုဆိုးအောင်လုပ်ရန် စိတ်ကူးမရှိချေ။ ထို့ကြောင့် သူမသည် အင်တင်တင်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

" ကောင်းပြီ နင့်ရဲ့အပေါစားစကားတွေကို ငါထပ်မကြားရစေနဲ့"

ရှန်ယွဲ့သည် အေးတိအေးစက်ပြောလိုက်၏။ သူမသည် သူတို့နှစ်ယောက်သာ ကြားနိုင်သည့်လေသံဖြင့် ကျောက်ရွေ့ကို ပြောလိုက်လေသည်။

" မဟုတ်လို့ကတော့ နင့်လျှာကို ဖြတ်ပြီး နင့်လည်ချောင်းထဲ ဆို့ပေးလိုက်မယ်"

ကျောက်ရွေ့သည် နေရာတွင်ပင် အေးခဲသွားပြီး ရှန်ယွဲ့ကို တစ္ဆေတစ်ကောင်အလား ငေးကြည့်လိုက်လေတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now