အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်

595 55 0
                                    

*** DEAR READERS , BE A GOOD AND PLEASURE YEAR END ***

အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ် (BONUS CHAPTER)

ဆယ်မိနစ်ကြာပြီးနောက် ရှန်ယွဲ့က စိုနေသည့်ဆံပင်ကို သုတ်ကာ ရေချိုးခန်းမှာ ထွက်လာလေသည်။ ကျောင်းအုပ်ကြီးနှင့်အဖွဲ့က ဧည့်ခန်းထဲတွင် ရှိနေသေးကြောင်း သိလိုက်ရတော့သည်။ သူမ၏အမူအရာက မဲမှောင်သွားပြီး

" အရမ်းနောက်ကျနေပြီလေ၊ ဆရာတို့တွေ သမီးအိမ်မှာ ဘာလုပ်နေကြတာလဲ၊ ပြန်ကြတော့"

" ဆရာတို့က စိတ်မကောင်းကြောင်း သတင်းလာမေးတာပါ၊ ဆရာတို့မှာ သမီးနဲ့ ပြောစရာရှိသေးလို့...."

ကျောင်းအုပ်ပြီးက တောင်းတောင်းပန်ပန်ဖြင့် မြန်မြန်ပြုံးပြလိုက်၏။

ရှန်ယွဲ့၏အေးတိအေးစက် သဘောထားက သူ့ကို အနည်းငယ်အရှက်ရသွားစေတော့သည်။ အရင်ကလိုသာဆိုလျှင် သူသည် ဒေါသထွက်မိပေလိမ့်မည်။ သို့သော် ရှန်ယွဲ့သည် ဟန်လင်း၏ အကာအကွယ်အောက်တွင် ရှိနေသဖြင့် မတတ်သာပဲ သူ့ဒေါသကို ထိန်းချုပ်ထားကာ သူမကို ဆက်ပြီး မြောက်ပင့်ပြောဆိုလိုက်၏။

" သမီးမှာ ဆရာနဲ့ ပြောစရာဘာမှမရှိဘူး၊ အားလုံးကို သမီးရဲ့ရှေ့နေက ကိုင်တွယ်လိမ့်မယ်၊ ကျေးဇူးပြုပြီး ပြန်ကြပါတော့၊ စကားကို နှစ်ခါမပြောချင်ဘူး"

ကျောင်းအုပ်ကြီး၏ စကားမဆုံးခင်မှာပင် ရှန်ယွဲ့က စိတ်မရှည်စွာဖြင့် စကားဖြတ်ပြောလိုက်တော့သည်။ ကျောင်းအုပ်ကြီးကသာ ငါလေး သူ့ကို ရုံးခန်းဖြေရှင်းပေးဖို့ တောင်းဆိုတုန်းက အခုလို တစ်ဝက်လောက်သာ ကောင်းခဲ့မယ်ဆိုရင် ငါလေးကလည်း ကိစ္စကို ဒီလောက်အထိဖြစ်အောင် လုပ်ခဲ့မှာမဟုတ်ပါဘူး။

အခုမှ သူက ငါလေးက ပါမွှားလေးမဟုတ်ဘူးဆိုတာသိမှ သနားစရာကောင်းသလို ဟန်ဆောင်ပြီး ခွင့်လွှတ်ပေးဖို့ လာတောင်းပန်နေတယ်။ သူက လက်ဆောင်တွေ ပိုက်ဆံတွေပေးပြီး ငါလေးကို အဝေးကို မောင်းထုတ်ချင်နေတာပဲ။ ရှန်ယွဲ့သည် အလွန်းသည်းခံနိုင်စွမ်းနည်းပါးသလို သဘောထားလည်းမကြီးပေ။ သူမသည် သည်လိုအရာများကိုလည်း လုံးဝမနှစ်မြို့ပေ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now