အပိုင်း (၁၄၂ + ၁၄၃)

326 30 0
                                    

အပိုင်း (၁၄၂) အင်တာဗျူးပြန်ဖြေရမယ်

ချန်းမင်သည် ခဏလောက် တုံ့ဆိုင်းနေလိုက်ပြီး နောက်ဆုံးမှ ပြောလိုက်တော့သည်။

" ငါတို့တွေ ကျောင်းအုပ်နဲ့သွားတွေ့မှာ နင့်ကို လိုက်ခဲ့စေချင်လို့၊ နောက်ဆုံး ခုနက ရှန်ရှင်း အရှက်ခွဲတာခံရတာ နင်တစ်ယောက်ထဲ မဟုတ်ဘူးလေ၊ သူက 'သင်္ချာပါရမီရှင်'ဆိုတာ ငါတို့ မယုံဘူး၊ မြို့တော်တက္ကသိုလ်ကို သူ ဘာအခွင့်အရေးနဲ့ ဝင်ခွင့်အာမခံရသွားလဲဆိုတာတော့ ပြောနေစရာတောင်မလိုဘူး"

" ဟုတ်တယ်" လီရှောင်က ထောက်ခံလိုက်၏။

" ပြီးတော့ ကျောင်းအုပ်နဲ့ မြို့တော်ဝန်တို့က နင့်ကို မျက်နှာသာပေးတယ်ဆိုတာ ငါတို့အားလုံး သိထားပါတယ်၊ နင် ငါတို့နဲ့လိုက်လာရင် ကျောင်းအုပ်ကြီးက ငါတို့ကို မျက်နှာလွဲမှာမဟုတ်ဘူး"

ရှန်ယွဲ့သည် မူလကတော့ ကိစ္စအများအပြားတွင် မပါဝင်လိုခဲ့ချေ။ 'သင်္ချာပါရမီရှင်' ဟူသည့်ဘွဲ့က မည်သူ့ဆီရောက်သွားသည်ဖြစ်စေ ဂရုမစိုက်ပေ။ သို့သော်ငြား သည်နေ့ည ကိစ္စပြီးသွားသည့်နောက်တွင် ရှန်ယွဲ့သည် ရှန်ရှင်းအား ထိုနေရာကို အလွယ်တကူ မပေးချင်တော့ပေ။ နောက်ဆုံးတော့ သူမက ခေါင်းညိတ်ပြလိုက်လေသည်။

" ရတယ်လေ၊ ငါ နင်တို့နဲ့ လိုက်ခဲ့မယ်"

ညပိုင်းနောက်ကျသည်အထိ ချန်းယန်သည် လတ်တလော ကောလိပ်ဝင်ခွင့်စာမေးပွဲကြောင့် သူ့ရုံးခန်းထဲတွင် အလုပ်များနေလေသည်။ ချန်းယန်သည် ခဏလောက်နားမည်ပြင်လိုက်စဥ်မှာပင် တံခါးခေါက်သံကို ကြားလိုက်ရတော့သည်။

" ငါအနားယူနေပါတယ်ဆို ဘယ်သူက အဲလောက်မမြင်မကန်းနဲ့ ရောက်လာတာလဲ" ချန်းယန်က ရေရွတ်ရင်း စိတ်မရှည်စွာဖြင့် ပြောလိုက်တော့သည်။

" ဝင်ခဲ့"

တံခါး ပွင့်သွားပြီး ကျောင်းသူများ အုပ်လိုက်ဝင်လာကြရာ ရုံးခန်းမှာ ချက်ချင်းပြည့်သွားတော့သည်။ ချန်းယန်က သူတို့ကို ဆုံးမမည်ပြင်လိုက်စဥ် သူ့မျက်လုံးထောင့်တွင် ကျောင်းသူများကြားထဲက ရှန်ယွဲ့ကိုလည်း တွေ့သွားတော့သည်။ သူ့အမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီး သိမ်မွေ့သည်သဘောထားဖြင့် ပြုံးကာ ပြောလိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now