အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်

589 64 0
                                    

အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်

"Sမြို့ပဲ ဖြစ်ပြန်ပြီလား"

ကျိုးရွှမ်းက အံ့ဩတကြီးဖြင့် သူ့မျက်ခုံးများကို ပင့်လိုက်တော့သည်။ သူသည် ဟယ်ရှန့်ထိန်းချုပ်ထားသည့် ကွန်ပျတာအနားသို့ တိုးသွားလိုက်ပြီး သေသေချာချာ ကြည့်လိုက်လေသည်။

ဟယ်ရှန့်ရေးထားသည့် အထူးပရိုဂရမ်သည် တစ်ဆင့်ခြင်း လုပ်ဆောင်နေပြီး သည်လျှို့ဝျက်ပုဂ္ဂိုလ်၏လိပ်စာကို အသေးစိတ်ဖော်ထုတ်နေလေသည်။

" Sမြို့က Eခရိုင်ရဲ့ မြို့စွန်နဲ့ ကပ်နေထားတာလား၊ ဂြိုဟ်တုဓာတ်ပုံကို ကြည့်ရတာတော့ အဲဒီနေရာက ရွက်ဖျင်တဲနဲ့ တဲစုတ်တွေပြည့်နေတဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုလေ ဟုတ်တယ်မလား" ဟယ်ရှန့်က မြေပုံကို ဆွဲချဲ့လိုက်ကာ သိလိုစိတ်ဖြင့် မေးလိုက်လေသည်။

ပြီးခဲ့တဲ့အခေါက် Sမြို့ကို သွားတုန်းက ဒီနေရာကို ရောက်ခဲ့ဖူးသလိုပဲ.... ကျိုးရွှမ်းက တွေးတွေးဆဆ အမူအရာတစ်ခု ထုတ်ပြလိုက်သည်။

" အဲဒီပုဂ္ဂိုလ်သုံးတဲ့ အင်တာနက်ဖုန်းကို ရှာတွေ့ပြီ"

ဟယ်ရှန့်က အံ့ဩသွားကာ ရုတ်တရက် အော်ပြောလိုက်တော့သည်။ ထို့နောက် သူ့လက်ချောင်များက စိတ်ဝင်တစားဖြင့် ကီးဘုတ်ကို မြန်မြန်ရိုက်လိုက်ပြီး ထိုလျှို့ဝှက်သည့်ပုဂ္ဂိုလ်၏စက်နှင် ချိတ်ဆက်မှုတစ်ခု ရအောင် ကြိုးစားလိုက်တော့သည်။

"တွေ့ပြီလား"

ကျန်းဟွမ်နှင့် လင်ရှောင်းတို့က ထိုစကားကို ကြားလိုက်တော့ စိတ်လှုပ်ရှားသွားပြီး မတ်မတ် ထိုင်လိုက်ကြလေသည်။ သူတို့သည် တဖက်လူက ၅မိနစ်လောက်ဖြစ်ဖြစ် တွေ့ဆုံဖို့အခွင့်အရေး တစ်ခုပေးရန်သာ မျှော်လင့်ထားခဲ့သည်။

" ခဏလေး...."

ဟယ်ရှန့်က ကုဒ်ကို မြန်မြန်ရိုက်လိုက်သော်လည်း သူ့အမူအရာက အရင်ကလို အေးဆေးသက်သာမနေတော့ချေ။ ပိုပိုပြီး လေးနက်လာတော့သည်။ သူသည် တဖက်လူ၏မိုဘိုင်းလ်ဖုန်းကို ဝင်ပြီး ဗိုင်းရက်စ်ကုဒ်မှ တဆင့်ဟက်ရန် ကြိုးစားလိုက်ရုံရှိသေးသည်။ သို့သော် မူရင်း အကာအကွယ်မဲ့ပြီးသား ရှာဖွေရေးလုပ်ငန်းစဥ်က သည်အဆင့်တွင် လွဲချော်သွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now