အပိုင်း (၉၃) စပရိုက်သေးသေးလေး

521 47 0
                                    


အပိုင်း (၉၃) စပရိုက်သေးသေးလေး

ဒါသည် ဇီးရိုး၏လက်တုန့်ပြန်ခြင်းဖြစ်သလို ဟယ်ရှန့်ကို တမင်ပေးထားသည့် 'စပရိုက်သေးသေးလေး'တစ်ခု လည်းဖြစ်လေသည်။ ကျိုးရွှမ်းက အရာအားလုံးကို ရုတ်တရက်နားလည်သွားပြီး သူ့မျက်နှာမှာ ထမင်းအိုးဖင်ကဲ့သို့ မဲနက်သွားတော့သည်။

သို့သော် ရှန်ယွဲ့၏မူလရည်ရွယ်ချက်မှာ ဟယ်ရှန့်ကိုသာ အရှက်ခွဲရန် ဖြစ်လေသည်။ သူမ၏အစီအစဥ်ထဲတွင် ဟယ်ရှန့်၏ကွန်ပျူတာထဲသို့ သူမထည့်လိုက်သည့် ဗိုင်းရက်စ်က ဖုန်းနှင့် USB driveကဲ့သို့ သူ့မိုဘိုင်လ်းပစ္စည်းတိုင်းကို အလိုလို ကူးသွားလိမ့်မည်။

သည်ဗိုင်းရက်စ် ရေးထားသည့်ပုံစံမှာ အများသုံးရုပ်သံလွှင့်ပစ္စည်းများနှင့် ချိတ်ဆက်သွားလျှင် အလိုလို အလုပ်လုပ်ပြီး ရှန်ယွဲ့ ဂရုတစိုက်ရွေးချယ်ထားသည့် ဂေးဗီဒီယိုကို ဖွင့်လိုက်ရန်ဖြစ်သည်။ ဟယ်ရှန့်သာ သည်ဗိုင်းရက်စ်ကို အလုပ်သို့မဟုတ် အစည်းအဝေးခန်းမထဲတွင် ဖွင့်မိသွားလျှင် မြင်ကွင်းမှာ သေချာပေါက် အလွန်စိတ်ဝင်စားဖွယ် ကောင်းလိမ့်မည်ဟု ထင်ထားခဲ့သည်။ ဟယ်ရှန့်သည် ထိုနေ့ညက ရှန်ယွဲ့အား နှောင့်ယှက်မိသဖြင့် သေချာပေါက်နောင်တရပြီး သူမ၏လက်တုန့်ပြန်မှုကလည်း အောင်မြင်သွားလိမ့်မည်။

ကံအကြောင်းမလှတော့ ဟယ်ရှန့်က ကျိုးရွှမ်း၏ ရုံးကိစ္စများကို ကူညီဖြေရှင်းပေးခဲ့သည့်အတွက် ရှန်ယွဲ့၏ဗိုင်းရက်စ်က ဟယ်ရှန့်USB driveထဲ ကူသွားသော်လည်း အသုံးပြုလိုက်သူက ကျိုးရွှမ်း ဖြစ်နေတော့သည်။

သို့နှင့် ကံဆိုးသွားသည့်ကျိုးရွှမ်းသည် ဟယ်ရှန့်ခံစားရမည့် အရာအားလုံးကို ကိုယ်စားခံပေးလိုက်ရတော့သည်။ ကျိုးရွှမ်း၏ လိင်စိတ်အားသားချက်ကို စိတ်ဝင်စားကြသည့် ဝန်ထမ်းများ ရှိလေသည်။ သည်ကိစ္စ ပေါ်ပေါက်သွားသည်နှင့် တပြိုင်နက် ကောလဟာလသတင်းနှင့် ပြီးပြည့်စုံအောင် လိုက်ဖက်သွားတော့သည်။

" ဟယ်ရှန့် မင်း မဆိုးဘူးပဲကွ"

ကျိုးရွှမ်းသည် ပင့်သက်ရှည်ကြီးတစ်ခု ရှိုက်လိုက်ပြီး နာကျင်မှုကြောင့် တင်းနေသည့်နားထင်ကို ပွတ်လိုက်ကာ ဒေါသထွက်လွန်းသည့် ခံစားချက်ကို သူ့စိတ်ထဲတွင် မြိုသိပ်ထားဖို့ အကောင်းဆုံးကြိုးစားလိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now