အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့

601 50 0
                                    

ရှန်ယွဲ့သည် တွေးတွေးဆဆ ခေါင်းညိတ်လိုက်လေသည်။

" အင်းပါ ငါနားလည်ပြီ နင် ဒီကိစ္စကို စိတ်ပူစရာမလိုဘူး၊ ငါ ကိုယ့်ဟာကိုယ် ဖြေရှင်းလိုက်မယ်"

ထိုသို့ပြောလိုက်ပြီး သူမသည် ရှန်ချန်ကို နှစ်သိမ့်ပေးတာ တွန်းလိုက်ပြီး လောဆော်လိုက်တော့သည်။

" အခန်းထဲ မြန်မြန်သွားလိုက်တော့ နောက်ကျနေတော့မယ်"

"ဒ-ဒါပေမယ့်...."

ရှန်ချန်သည် မတတ်သာတော့ဘဲ သူမကိုသာ လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများက တွန့်ဆုတ်ကာ စိုးရိမ်နေတော့သည်။ ရှန်ယွဲ့က သည်ကိစ္စအား တစ်ယောက်တည်းမဖြေရှင်းနိုင်မည်ကို စိုးရိမ်နေတော့သည်။ နောက်ဆုံး ဆရာကသာလျှင် သူမ၏အမှတ်ကို သုည ဖြစ်အောင်နိုင်လေသည်။ ပုံမှန်အားဖြင့် ဆရာများကို ဆန့်ကျင်တတ်သည့် ကျောင်းသားများသည် အပြစ်ပေးခံရတတ်ပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရသည့်စာတစ်စောင် ရေးရလေသည်။

မည်သို့ဆိုစေ သူသည် ရှန်ယွဲ့အား ထိုကိစ္စများကို တစ်ယောက်တည်း ရင်မဆိုင်စေလိုပေ။ သူမ၏မိသားစုအနေဖြင့် သူသည် သူမဘေးတွင် အမြဲတမ်းရှိနေသင့်ပေသည်။

ရှန်ယွဲ့သည် ရှန်ချန်၏စိတ်ကို နားလည်၏။ သူမ၏နှုတ်ခမ်းကို ကွေးထားလိုက်ပြီး ထပ်လောလိုက်တော့သည်။

"မြန်မြန်သွားလေ အတန်းပြီးရင် ဒီကိစ္စကို ဖြေရှင်းဖို့ နင့်ကို ခေါ်လိုက်မယ် ဟုတ်ပြီလား"

ထိုစကားကို ကြားလိုက်ပြီး ရှန်ချန်သည် လုံးဝစိတ်အေးသွားတော့သည်။ သူသည် ရှန်ယွဲ့ကို ပြုံးပြလိုက်ပြီး စာသင်ခန်းဘက်ကို ခပ်သွက်သွက်လျှောက်သွားလိုက်တော့သည်။

ရှန်ယွဲ့သည် မူလက အတန်းပြီးလျှင် ထိုကိစ္စကိုမေးရန် ရုံးခန်းဘက်သို့ သွားဖို့ စိတ်ကူးထားခဲ့လေသည်။ ပထမအဆင့်က သူမအတွက် အရေးမကြီးပေ။ သူမဂရုစိုက်သည်က အကြောင်းအရင်းတစ်ခုတည်းသာ။ သို့သော် ပြဿနာက မနက်ပိုင်း သင်္ချာအချိန်တွင် ဖြစ်လာပြီး ရှန်ယွဲ့နှင့်ရှန်ချန်တို့၏အစီအစဥ်ကို နှောင့်ယှက်လေတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now