အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း

965 87 0
                                    

ရှန်ယွဲ့စဥ်းစားလိုက်လေသည်။

အောင်ရုံပဲတဲ့လား။ သူ ငါလေးကို အဲလောက်တောင် အထင်သေးတာပေါ့လေ။

ရှန်ယွဲ့သည် လေးနက်သည့်မျက်နှာထားဖြင့် လက်ပိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။

" သမီး ပထမရခဲ့ရင်ကော"

" တစ်ကျောင်းလုံးမှာ ပထမဟုတ်လား ဟမ်"

ဆွန်းလင်သည် ရယ်စရာကြီးတစ်ခုကို ကြားလိုက်သည့်နှယ် မဲ့ရွဲလိုက်လေသည်။ သူမသည် ရှန်ယွဲ့ကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်၏။

အခုတော့ ရှန်ယွဲ့ စိတ်မတည်မငြိမ်ဖြစ်နေတာ သေချာသလောက်ရှိတယ်။ ဘိတ်ချေးကျောင်းသူတစ်ယောက်က စာမေးပွဲကနေ ဘယ်နှစ်မှတ်ရနိုင်မှာမလို့လဲ။

ရှန်ယွဲ့နှင့် အဓိပ္ပါယ်မရှိစကား ဆက်မပြောချင်တော့သဖြင့် ဆွန်းလင်သည် လွတ်ခနဲ ပြောလိုက်လေသည်။

" နင်သာ တစ်ကျောင်းလုံးမှာ ပထမရခဲ့ရင် ငါ့မှာရှိသမျှအကုန် နင့်ကို ပေးလိုက်မယ်၊ ငါ့ခေါင်းကို ဖြတ်ပြီးတော့တောင် နင့်ကို ဘောလုံးလို လုပ်ကန်ခွင့်ပေးလိုက်အုံးမယ်"

ထိုသို့ပြောလိုက်ပြီးနောက် ဆွန်းလင်သည် ရှန်ယွဲ့ကို ထပ်ကြည့်လိုက်ပြီး လှည့်ထွက်သွားတော့သည်။ သူမသည် လမ်းလျှောက်ရင်း လေသံတိုးတိုးဖြင့် ဆဲရေးနေလေသည်။

" သေချင်းဆိုမလေး တကယ်ရူးသွားပြီပဲ၊ တစ်နေ့ကျရင် စိတ်ဆေးရုံကို ဖုန်းဆက်ပြီး လာဆွဲခေါ်သွားဖို့ ပြောအုံးမယ်၊ ဒါပေမယ့် သူ့ကို စိတ်ဆေးရုံကိုပို့ရင် ပိုက်ဆံကပေးရအုံးမယ်၊ အကျိုးမပေးတဲ့ဟာလေး၊ ငါဘာလို့ ဒီဟာမျိုးကို မွေးလာမိပါလိမ့်နော်...."

ကျောင်းပိတ်ရက်တွင် ရှန်ယွဲ့သည် ဘာမှမလုပ်ဘဲ မနေချေ။ နေ့တိုင်း မနက်စောစော အိမ်ကထွက်ပြီး နောက်ကျမှ ပြန်လာတတ်သည်။ အစပိုင်းတွင် သူမသည် သွေးပူလေ့ကျင့်ခန်းအနေဖြင့် ကီလိုမီတာအနည်းသာ အမြန်လမ်းလျှောက်ခဲ့၏။ ထို့နောက်တွင် သူမသည် တိုက်ခိုက်ရေးစကေးများကို လေ့ကျင့်ရန် အိမ်နားက ပန်းခြံသို့သွားခဲ့ပြီး သူမ၏ အရင်ခံစားချက်ကို ပြန်ရအောင် ကြိုးစားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now