အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း

887 93 0
                                    

ရှန်ချန်သည် ထိုစကားကို ကြားလိုက်ချိန်၌ ရှန်ယွဲ့က သူ့အား နှစ်သိမ့်ပေးနေသည်ဟုသာ ထင်လိုက်လေသည်။ သူ့မျက်ရည်များကို သုတ်လိုက်ပြီး ရှန်ချန်သည ရှန်ယွဲ့ကို ချစ်ခင်မှုဖြင့် ပြုံးပြလိုက်တော့သည်။

" ဘာပဲဖြစ်ဖြစ်ပါ ၊ အမ၊ ငါနင့်ကို တကယ် ကျေးဇူးတင်တယ်"

ဆိုင်ဝန်ထမ်းက ဖိနပ်ယူလာသည်ကို မြင်လိုက်ပြီးနောက် ရှန်ယွဲ့သည် ရှန်ချန်ကို စမ်းဝတ်ကြည့်ဖို့ တိုက်တွန်းလိုက်သေးသည်။

" နင် ဒါကို ဝယ်သင့်တယ်နော်၊ နောက်ပိုင်း နင့်ခြေထောက်တွေ ပြန်ကောင်းသွးရင် ဘတ်စကတ်ဘောကစားဖို့ ဒါကို စီးလို့ရတာပေါ့"

ရှန်ယွဲ့၏ စေတနာကို မငြင်းပယ်နိုင်တော့ဘဲ ရှန်ချန်သည် အရင်ကတည်းက သူ တောင့်တနေသည့် အနက်နှင့်ရွှေရောင်စပ်ထားသည့် အားကစားဖိနပ်ကို ယူလိုက်တော့သည်။ ဂရုတစိုက် စီးကြည့်ပြီးနောက် နှစ်လှမ်းလောက် စမ်းလျှောက်ကြည့်လိုက်၏။

" အရမ်း သက်တောင့်သက်သာဖြစ်တာပဲ"

" နင်က သက်တောင့်သက်သာရှိတယ်ဆိုတော့ ငွေရှင်းလိုက်တော့မယ်"

ရှန်ယွဲ့သည် ငွေချေလိုက်ပြီး တက်စီတစ်စီးငှားကာ ပစ္စည်းတစ်ပုံတစ်ပင်နှင့် အိမ်ပြန်လာတော့သည်။

သူတို့ အိမ်ပြန်ရောက်လာချိန်၌ ကျန်မိသားစုများက ပြန်မရောက်ကြသေးချေ။ ရှန်ယွဲ့သည် ရှန်ချန်၏ခြေထောက်ကို ကုပေးရန် စဥ်းစားလာခဲ့ရာ သူမသည် ဖုန်းနှင့် အိမ်ထဲမှ တစ်ယောက်ထဲ ထွက်လာခဲ့တော့သည်။ သူမ တစ်ယောက်ထဲ ဖြစ်သွားချိန်၌ ဖုန်းတစ်ခုကို ခေါ်လိုက်တော့သည်။

" ဟယ်လို ဟွမ်ရို့လား"

ခန္ဓာကိုယ် နှစ်ပိုင်းဖြစ်သွားလျှင်တောင် ရှန်ချန်၏ခြေထောက်ကို ကုပေးနိုင်သည့်ဟု ပြောခဲ့သည့် ဆရာဝန်မှာ အမှန်တော့ သူမကို ကိုယ်တိုင်ပင်။

ကမ္ဘာ့နံပါတ်တစ် လုပ်ကြံသူဖြစ်သည့်အပြင် သူမ၏တခြား သရုပ်မှာ ထိပ်တန်းဆေးပညာစွမ်းရည်နှင့် သေသူကိုတောင်ပြန်ရှင်အောင် လုပ်ပေးနိုင်သည့် စွမ်းရည်ရှိသည့် ကမ္ဘာနံပါတ်တစ် သရဲဆရာဝန် ဖြစ်လေသည်။ သူမ၏သည် သရုပ်ကို သိသူက မရှိသလောက်ပင်။ မိုးထိအောင်မြင့်သည့် ဆွေးနွေးခမရလျှင် သူမသည် အိမ်တိုင်ရာရောက် ကုသမှုကို အလွယ်တကူမလုပ်ပေးချေ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now