အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း

813 84 0
                                    

ကောဟူ မြန်မြန်ဆန်ချရေးလိုက်၏။ တစ်ချိန်ထဲတွင် ရှန်ယွဲ့ကို စျေးနှုန်းပြန်ရွတ်ပြလိုက်လေသည်။ စျေးနှုန်းများကို ရွတ်ပြရင်း သူ့မှာ ထိတ်လန့်လာတော့သည်။ တန်ဖိုးချည်းသက်သက်ပင် ယွမ် ၂သိန်းနီးပါး ရှိနေပြီ။ ပစ္စည်းတစ်ခုစီသည့် ရှာရခက်သလို စွန့်စားရသည့်ကိစ္စမှာလည်း မသေးချေ။ ရှန်ယွဲ့လိုချင်သည့် motherboardနှင့် အသေးစားအစိတ်အပိုင်းအနည်းငယ်သည်ပင် ဖယ်ဒရယ်အေးဂျင်စီများကို ကျော်ဖြတ်ပြီးမှ ရနိုင်သောအရာများဖြစ်လေသည်။ သူသာသတိမထားလျှင် ခေါင်းပြတ်သွားနိုင်လေသည်။

ဒီခလေးမ ဒီထိပ်တန်းစနစ်တွေကို တကယ်တည်း ဘာအတွက်လိုချင်နေတာလဲ။ ဖယ်ဒရယ်လုံခြုံရေးစနစ်ကို ဟက်ဖို့လား။ ပထမဆုံးအကြိမ်အဖြစ် ကောဟူသည့် အဟောင်းတန်းပွဲစားလုပ်ရသည့် ဖိအားကို ခံစားလိုက်ရတော့သည်။

" အာ ဆိုင်မှာ နင်လိုချင်တဲ့ ရို့ရွှယ် M99chip မရှိဘူး" ကောဟူ နှမြောတသစွာပြောလိုက်လေသည်။

"ဟင် မရှိဘူးလား" ရှန်ယွဲ့လှည့်ကြည့်လိုက်ပြီး ကောဟူ၏ခန္ဓာကိုယ်တစ်ခုလုံးကို စေ့စေ့ကြည့်လိုက်လေသည်။ သူမ၏စူးရှသည့်အကြည့်က ကောဟူကို ကျောချမ်းသွားစေတော့သည်။

ဒီမနက်က ကောဟူ၏အမှာစာထဲတွင် ဒီလို chipနှစ်ခု ပါသည်ကို တွေ့ခဲ့ပြီးဖြစ်သည်။ ထိုပစ္စည်းများသည် သူမဒီကိုလာရသည့် အဓိကအကြောင်းအရင်းပင်။ ရို့ရွှယ်M99 chipကို ဖယ်ဒရယ်စစ်သင်္ဘောထိန်းချုပ်ခန်းများတွင် အသုံးပြုလေသည်။ chipတိုင်းကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားလေသည်။ ကောဟူ ထိုပစ္စည်းကို မည်သို့ရလာသည်မသိသော်လည်း ဒါကို ရဖို့ သူမဆုံးဖြတ်ထားပြီးဖြစ်သည်။

အရင်က သူမအသုံးပြုသည့်ပစ္စည်းများ၏ အဆင့်အတန်းကို များများစားစား မစဥ်းစားခဲ့ဖူးချေ။ သို့သော် သည်အခိုက်တန့်တွင် နေရာအခြေအနေများနှင့် ရဲ့ရင်းကလည်း ကမ္ဘာတစ်ဖက်ခြမ်းတွင် ရှိနေသဖြင့် သူမ လင်ယွဲ့ဖြစ်ကြောင်း မပေါ်သွားစေရန် အကောင်းဆုံးဖြေရှင်းရလိမ့်မည်။ အဆင့်နိမ့်ဗားရှင့် ပစ္စည်းအမျိုးမျိုးကို ပေါချောင်ကောင်းရနိုင်သည့် မှောင်ခိုစျေးကွက်တွင် ရှာခဲ့သေးသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now