အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်

950 90 0
                                    

သည်အခိုက်မှာပင် ရှန်ချန်သည် အလွန်ထိတ်လန့်သွားရာ နေရာတွင်ပင် တောင့်တင်းသွားတော့သည်။ နံပါတ်၅မေးခွန်း၏ အဖြေတိုက်ပြီးသွားသည့်နောက် ရှန်ချန်သည် မျက်လုံးအဝိုင်းသား ပါးစပ်အဟောင်းသားနှင့် ထိတ်လန့်တကြားအခြေအနေတွင်သာ ရှိနေတော့သည်။

ရှန်ယွဲ့က သည်အဖြေလွှာများကို ပြီးမြောက်အောင် ဖြေနိုင်သည့်အချက်သည် ရှန်ချန်၏ဘဝအမြင်ကို ကြီးကြီးမားမား သက်ရောက်မှုဖြစ်သွားတော့သည်။ သူသည် ရုတ်တရက်ထွက်ပေါ်လာသည့် ဧရာမသတင်းအချက်အလက်ကို ပေါင်းစပ်လက်ခံလိုက်ဖို့ အကောင်းဆုံးကြိုးစားနေရတော့သည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲမေးခွန်းတွေနဲ့ ကမ္ဘာ့အဆင့်မေးခွန်းကို ပုံမှန်အတိုင်း ဖြေသွားတဲ့ ဒီရှန်ယွဲ့နဲ့ စာမေးပွဲတိုင်းမှာ ဂဏန်းတစ်လုံးပဲ ရပြီး ငွေချေရင်တောင် ငွေကို မှန်ကန်မရေတွက်နိုင်ပဲ IQနိမ့်တဲ့ရှန်ယွဲ့က တစ်ယောက်ထဲတဲ့လား။

ရှန်ယွဲ့ ဘာတွေကြုံခဲ့ရတာလဲ။ သူကရော တစ်ခုခု လွှတ်သွားတာ ရှိလို့များလား။

ရှန်ချန်သည် ဝေခွဲမရဖြစ်နေတော့သည်။

ရှန်ချန်က သူမကို ငေးကြောင်ကြောင် ကြည့်နေကာ စကားတစ်လုံးမှမပြောသည်ကို မြင်လိုက်ရပြီးနောက် ရှန်ယွဲ့သည် အနည်းငယ် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရလေသည်။ သူမသည် သူ့ပခုံးကို အနည်းငယ် လှုပ်ခါလိုက်ပြီး မေးလိုက်လေသည်။

" ဘာဖြစ်တာလဲ၊ နင် အံ့ဩနေတာလား၊ ငါ့ကို အဖြေပြောအုံးလေ"

ရှန်ချန်သည် ဧရာမရိုက်ချက်ကို ခံလိုက်ရပြီးနောက် သတိပြန်ဝင်လာလေသည်။ သူသည် ရှန်ယွဲ့ကို ကြည့်လိုက်ပြီး ခက်ခက်ခဲခဲ ပြောလိုက်လေသည်။

" အားလုံးမှန်တယ်၊အမ နင် တကယ်အထင်ကြီးစရာကောင်းလိုက်တာ"

ရှန်ချန်သည် သူမကို အမဟု စိတ်ရင်းနှင့် ခေါ်ခဲ့လေသည်။ သူသည် ရှန်ယွဲ့ရှေ့တွင် သူ့ကိုယ်သူ ဦးညွှတ်တော့မတတ်ပင်။

စာလုပ်ရတာကို သာကြိုက်ပြီး တစ်သက်တာ လေ့လာမှုနောက်ကို လိုက်စားသည့် ရှန်ချန်လိုလူမျိုးအတွက် ထိပ်တန်းအသိပညာရှိသူတစ်ယောက်သည် သူ့အိုင်ဒေါ ဖြစ်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now