အပိုင်း (၅၈) အဖြေမှန်

708 72 0
                                    

အပိုင်း (၅၈) အဖြေမှန်

ထိုအခိုက်တွင် လင်ရှောင်းသည် ကျောင်းကအစည်းအဝေးတစ်ခုကို တက်ရောက်နေလေသည်။ ရင်းနှီးသည့် ဆရာတစ်ချို့ကို နှုတ်ဆက်လိုက်ပြီးနောက် ခါတိုင်းလို သူ့ဖုန်းကို ဖွင့်လိုက်ရာ ဓာတ်ပုံလေးပုံဖြင့် နာမည်ကြီးနေသည့် ပိုစ့်တစ်ခုကို တွေ့လိုက်တော့သည်။ သူသည် သိလိုစိတ်ဖြင့် ဖွင့်ကြည့်လိုက်၏။ သူသသာ မြင်ခဲ့လျှင် သိလိမ့်မည်မဟုတ်ချေ။ သို့သော် ထိုပိုစ့်ကိုမြင်လိုက်ချိန်၌ ရှောခ့်ရသွားတော့သည်။

အကြမ်းစာရွက်လေးခုထဲက အကြောင်းအရာများသည် ပရော်ဖက်ဆာဟောင်းတစ်ခုက သူ့အား တကမ္ဘာလုံးဆီမှ အဖြေများကို တောင်းခိုင်းထားသည့် ပုစ္ဆာဖြစ်လေသည်။

လင်ရှောင်းသည် အချိန်အကြာအကြီး သေသေချာချာဖတ်လိုက်၏။ အကြောင်းအရာ၏ ပထမတစ်ဝက်က တစ်ထပ်ထဲဖြစ်ပြီး သူရလိုက်သည့် အဖြေမှာ အပတ်တကုတ်တွက်ချက်ပြီးမှ ရလာခြင်းပင်။ ဒုတိယတစ်ဝက်ကိုတော့ ပုစ္ဆာကိုဖြေကြည့်ကြသည့် သူနှင့် ပရော်ဖက်ဆာတစ်ချို့ကပင် ပုစ္ဆာကို နားမလည်ချေ။ ပုစ္ဆာကို မှန်လား မှားလား ဆုံးဖြတ်ပေးနိုင်ဖို့က ဝေးစွ။

"ဟာ"

လင်ရှောင်းသည် ရုတ်တရက်ထအော်လိုက်၏။ သည်လူပို့ထားသည့် ဓာတ်ပုံလေးပုံသည် သူတို့ရှာနေသည့် အဖြေများဖြစ်ကြောင်း သူ့စိတ်ထဲမှာ အတတ်သိနေလေသည်။

လင်ရှောင်းလို ကျောင်းသားမျိုးအတွက် အမှန်တရားကို ရှာဖွေရသည်ထက် ပိုအရေးကြီးသည့်အရာ မရှိပေ။ သူ့ဖုန်းကို တင်းနေအောင်ကိုင်ထားလိုက်ပြီး နောက်ပြန်မကြည့်ပဲ ပြေးသွားလေတော့သည်။ သူသည် သည်ရှော့ခ်ဖြစ်စရာကောင်းလောက်သည့်သတင်းများကို ထိုပရော်ဖက်ဆာဟောင်းများအား မြန်မြန်ပြောပြချင်နေတော့သည်။

" ဟေ့ လင်ရှောင်း မင်း မစားတော့ဘူးလား"

သူ့နောက်က လင်ရှောင်း၏သူငယ်ချင်းက ဇဝေဇဝါဖြင့် လှမ်းအော်လိုက်လေသည်။

သုံးနာရီကြာပြီးနောက် အချိန်တော်တော်ကြာသည်အထိ ပိုစ့်အသစ်ထပ်မတင်သည့် နာမည်ကြီးနတ်ဘုရား လင်ရှောင်း၊ သည်နှစ်များအတွင်း မြို့တော်တက္ကသိုလ်၏ အထူးချွန်ဆုံးကျောင်းသားက ပိုစ့်တစ်ခုကို တင်လိုက်တော့သည်။ သူသည် ရှန်ချန်၏ဓာတ်ပုံလေးပုံကို ပြန်တင်လိုက်ပြီး ခေါင်းစဥ်တစ်ခု တပ်ထားလိုက်သည် : ကျွန်တော်နဲ့ ပရော်ဖက်ဆာဟောင်းတစ်ချို့က ဆယ်ခါလောက် ပြန်တွက်ချက်စီစစ်လိုက်ပြီးနောက်မှာတော့ ဒီအမည်မသိမိတ်ဆွေရဲ့အဖြေက လုံးဝမှန်ပါတယ် ခင်ဗျာ။ ပေးထားတဲ့ကတိနဲ့ ဒီမေးခွန်းကို ဖြေခဲ့တဲ့အတွက် ဆုတို့က ရှိနေပါသေးတယ်။ ကျွန်တော်တို့ မင်းကို အရမ်းကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီးတော့ မင်းနဲ့ တွေ့ဆုံဆက်သွယ်ဖို့ အခွင့်အရေးတစ်ခုလောက်ပေးပါခင်ဗျာ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now