အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့

693 65 0
                                    

အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့

တရုတ်ဘာသာ အတန်းချိန်ဖြစ်သည်။ ဆရာများနှင့် ကျောင်းသူကျောင်းသားများသည် အစကတည်းက ရေဒီယိုကို ငြိမ်ငြိမ်သက်သက်နားထောင်နေကြ၏။ သူတို့သည် ရှန်ရှင်း၏ ယုတ်ညံ့လှသည့် ဆဲဆိုခြင်းကို ရုတ်တရက်ကြားလိုက်ရဖြင့် အားလုံးက အံ့ဩတကြီးဖြင့် လှမ်းကြည့်လိုက်တော့သည်။

ထိုအခါမှ ရှန်ရှင်းသည် စိတ်ထဲက စကားများကို မတော်တဆပြောခဲ့မိမှန်း သိသွားလေသည်။ သူမ၏ပါးစပ်ကို အုပ်လိုက်ပြီး သတိလက်လွှတ် ခေါင်းခါလိုက်ကာ

" အဲလို သဘောမျိုး ပြောတာမဟုတ်ပါဘူး...."

သို့သော်ငြား လူရှေ့၌ အခုလေးတင်ပြောခဲ့သည့် စကားက ဆရာများအားလုံးသည် အလွန်တုံးအ,သည်ဟု ပြောလိုက်ခြင်းပင်။ အခုတော့ သူမသည် ကိုယ့်ဟာကိုယ် မည်သို့ ခုခံပြောဆိုရမည်မသိ ဖြစ်သွားတော့သည်။

ပုံမှန်အားဖြင့် ရှန်ရှင်းကို သဘောမကျသည့် ကောင်လေးတစ်ယောက်က ပြန်လည်ချေပလိုက်၏။

" ကျောင်းအုပ်ကြီး ပြောခဲ့ပြီးပြီမလား၊ သူ လုံခြုံရေးကင်မရာတွေကို စစ်ပြီးပြီ၊ အဖြေလွှာကိုလည်း ပြန်စစ်ပြီးပြီလို့လေ၊ ရှန်ယွဲ့က စာခိုးချခဲ့တာမဟုတ်ဘူး ဟုတ်တယ်မလား၊ နင်က သူ့ကို မနာလိုဖြစ်နေတာလား၊ ဒါကြောင့် သူ အရမ်းထူးချွန်နေတာကို နင်မယုံတာပေါ့"

"ငါ...."

ရှန်ရှင်းသည် သေမတတ် ဒေါသထွက်လုနီးပါပင်။ ဒီလူကများ သူမက ရှန်ယွဲ့ကို မနာလိုဘူးလို့ ပြောလိုက်သေးတဘ်။ ဝက်တစ်ကောင်လို တုံးအတဲ့ ရှန်ယွဲ့ကို သူမက ဘာလို့ မနာလိုဖြစ်ရမှာတဲ့လဲ။

သို့သော်ငြား လူအများကြီးရှေ့တွင် ရှန်ယွဲ့မကောင်းကြောင်း ဆက်ပြောနေလျင် မသင့်တော်တော့ပေ။ သူမသည် ခေါင်းမာမာနှင့်သာ ပြောနိုင်လေတော့သည်။

" ရှန်ယွဲ့က ကျောင်းမှာ စာညံ့တဲ့ကျောင်းသူတစ်ယောက်လို့ နာမည်ကြီးနေတာ နင်တို့အားလုံး သိကြတာပဲ၊ သူက ရုတ်တရက်ကြီး ဘယ်လိုလုပ် အမှတ်အရမ်းကောင်းသွားနိုင်မှာလဲ၊ ပြီးတော့ သူက လူကောင်းတစ်ယောက်လည်း မဟုတ်ဘူး..."

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now