အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ

697 63 0
                                    

အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ

ရှန်ယွဲ့၏အခန်းတံခါးရှေ့တွင် လူအုပ်ကြီးတစ်ခုသည် တက်တက်ကြွကြွ ဆွေးနွေးနေကြလေသည်။ လူအုပ်ကြီးတစ်ခုက ထွက်သွားလိုက်၊ နောက်တစ်အုပ်က ရောက်လာလိုက်နှင့် အားလုံးက ရှန်ယွဲ့ကို တွေ့ရန် သည်နေရာသို့ ရောက်လာကြ၏။

မစ္စလီ၏အကျင့်စရိုက်သည် မကောင်းပေ။ သူမသည် ကျောင်းသားအများအစုအပေါ် အလွန်နိုင်စားလေသည်။ ထို့ကြောင့် သူမကို မုန်းကြသည့် ကျောင်းသားကျောင်းသူများက အန္တရာယ်မရှိသည့် ရှန်ယွဲ့ထက်စာလျှင် သူမကပိုပြီး အလွန်မုန်းတီးစက်ဆုပ်စရာကောင်းသည်ဟု တွေးကြ၏။ ထို့ကြောင့် ကျောင်းသား ကျောင်းသူအများစုက ရှန်ယွဲ့ကို ထောက်ခံကြသည်။

" ရှန်ယွဲ့ နင် ဒီစာမေးပွဲမှာ အဖြေလွှာကို ထူးထူးခြားခြားမြန်မြန် ပြီးအောင်ဖြေခဲ့တာလို့ ကြားတယ်၊ နင် အချိန်တိုတိုလေးအတွင်းမှာ အဖြေလွှာတစ်ခုလုံး ဖြည့်ခဲ့တာဆို နင်ဘယ်လိုဖြေခဲ့တာလဲဆိုတာ ငါ့ကိုပြောပြပါလား" မိန်းကလေးတစ်ယောက်က မေးလိုက်၏။

ရှန်ယွဲ့သည် အခိုက်တန့်ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ တုံ့ပြန်လိုက်လေသည်။ ဒီသူစိမ်းအတန်းဖော်တွေက ငါလေးရဲ့စာမေးပွဲအသေးစိတ်အကြောင်းအရာတွေကို ဘယ်လိုသိနေတာလဲ။

" ဘယ်သူပြောတာလဲ၊ နင်က ငါနဲ့စာမေးပွဲအခန်းချင်းအတူတူကျတာလား"

ရှန်ယွဲ့က အံ့အားသင့်ကာ မေးလိုက်လေသည်။

ကောင်မလေးက ရှက်ကာပြုံးလိုက်ပြီး ရှင်းပြလေသည်။

" ယွီဟောက် ငါတို့ကို ပြောပြတာ၊ နင် အဲဒီဆရာမတွေနဲ့ စကားများပြီးတော့ အထက်တန်းတတိယနှစ်တစ်ခုလုံး ဗြောင်းဆန်သွားခဲ့တယ်လေ၊ တစ်ချို့တွေက နင့်ကို နားလည်မှုလွဲပြီး နင်က တကယ်စာခိုးချတယ်လို့ ထင်နေကြတာ၊ ပြီးတော့ ယွီဟောက်က နင့်အတွက်ရှင်းပြပေးခဲ့တာလေ၊ သူက နင့်အနောက်မှာထိုင်တာတဲ့ ၊ နင့်ဟာနင် ရေးနေတာကို သေချာမြင်ရတယ်လို့ သူက ပြောတယ်"

ယွီဟောက်၊ ကျောင်းတော်ရဲ့မင်းသား က ကျောင်းမှာ အရမ်းနာမည်ကြီးတာလေ။ အရင်ကတော့ သူက ရှန်ယွဲ့ကိုမုန်းတာလို့ နာမည်ကြီးတာပဲ။ အခုတော့ သူ့ ရှန်ယွဲ့အတွက် ရပ်တည်ပေးတယ်။ ကိစ္စတစ်ခုလုံးရဲ့ အသိအမှတ်ပြုချီးမွှမ်းထိုက်တဲ့အဆင့်က ချက်ချင်းကြီး အများကြီးတက်သွားတာပဲ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now