အပိုင်း (၅၁) သောက်ကျိုးနဲ

742 62 0
                                    

" အခုမှ အဲဒီအကြောင်းပြန်စဥ်းစားမိတော့ သူက တော်တော်အထင်ကြီးစရာကောင်း တာပဲ၊ ငါသူ့ကို တော်တော်လေးစားသွားပြီ"

" ဟုတ်တယ်၊ ဒီကောင်မလေး လေ့ကျင့်ခန်းလုပ်ပြီး အကြောလျှော့နေတဲ့ပုံကို ကြည့်လိုက်လေ၊ အရမ်း စည်းစနစ်ကျတာပဲ"

" သူ့ရဲ့ အားထည့်တဲ့အနေအထားနဲ့ ပုံစံက အရမ်းအဆင့်မီတယ်၊ ပြီးတော့ သူ့ကြွက်သားတွေကလည်း တော်တော်ကြည့်ကောင်းတယ်၊ သူ့ကို ပရော်ဖက်ရှင်နယ်ဆရာတစ်ယောက် သင်ပေးထားတာဖြစ်ရမယ်"

အကြောင်းအရာ စလိုက်သည်နှင့် သက်တော်စောင့်များသည် ထိုအကြောင်းကိုပဲ ဆွေးနွေးဖြစ်ကြတော့သည်။ သူတို့အားလုံးသည် ရှန်ယွဲ့၏အလေ့အကျင့်နှင့် လေ့ကျင့်ရေးရလာဒ်များကို အလွန်ချီးကျူး ဖော်ထုတ်ကြလေသည်။

ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က တစ်ခုခုမူမမှန်သည်ကို သတိထားမိသွားပြီး အလန့်တကြား အော်ပြောလိုက်တော့သည်။

" သေစမ်း သူဘယ်ရောက်သွားတာလဲဟ"

အားလုံးသည် စကားပြောရင်း ပျော်ရွှင်နေကြရာမှ အမှန်ပင် အာရုံမစိုက်နိုင်တော့ချေ။ အားလုံးသည် အခုလေးတင် ရှန်ယွဲ့ရှိနေသည့် ပန်းခင်းဖက်သို့ ကြည့်လိုက်ကြချိန်၌ ဘာမှမရှိတော့ချေ။

" ဘယ်လိုဖြစ်နိုင်မှာလဲ၊ အခုလေးတင် သူအဲနားမှာ ခြေထောက်အကြောလျှော့နေတာ တွေ့လိုက်တယ်လေ၊ ရုတ်တရက်ကြီး ဘယ်လိုပျောက်သွားရတာလဲ"

သက်တော်စောင့်ခေါင်းဆောင်၏မျက်နှာသည် ချက်ချင်း ဖြူဆုတ်သွားတော့သည်။ ရှန်ယွဲ့သာ သူတို့မျက်စိအောက်တွင် ထိုလူသတ်သမားများ၏ ပြန်ပေးဆွဲခံလိုက်ရလျှင် သူတို့ အလုပ်ပြုတ်ရုံတင်မက ပြန်ရောက်သွားလျှင် ကျိုးရွှမ်းကအရေခွံဆုတ်တာ ခံရတော့မည်။

"မြန်မြန် ပတ်ဝန်းကျင်မှာ ရှာကြည့်ကြ၊ သူ အဝေးကြီးတော့ မပြေးနိုင်ပါဘူး"

သို့သော် သူတို့ခြောက်ယောက်သည် ပတ်ဝန်းကျင် သေသေချာချာ ရှာဖွေကြသောလည်း ရှန်ယွဲ့ကိုမဆိုထားနှင့် ပေါ်လာမည်ဟုပြောထားသည့် လူသ-တ်သမား၏အရိပ်ကို ပင်မမြင်ရချေ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now