အပိုင်း (၃၂) VVIP မန်ဘာ

879 92 0
                                    

ထိုအမျိုးသားအရောင်းဝန်ထမ်းက သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်းဖြင့် ကျယ်လောင်စွာ ဆဲရေးနေသည်ကို မြင်လိုက်ရသောအခါ ရှန်ချန်၏မျက်နှာသည် ဒေါသကြောင့် ချက်ချင်းနီရဲသွားတော့သည်။ သို့သော် သူ့မာနက သူ့ကို အမျိုးသားအရောင်းစာရေးလို ပြန်ဆဲရန် တားမြစ်နေလေသည်။ သူသည် ဒေါသဖြင့်သာ ပြန်လည်ချေပနိုင်တော့သည်။

" မင်းရဲ့ဆိုင်က အဝတ်အစားတွေက ဘာမှကောင်းတာမရှိဘူး၊ ငါတို့က ဂရုမစိုက်ဘူး"

ထိုသို့ပြောလိုက်ပြီး ရှန်ချန်သည် ရှန်ယွဲ့ကို ဆွဲကာ နောက်တစ်ဆိုင်သို့ သွားမည်ပြင်လိုက်လေသည်။

" အမ ဒီလိုယဥ်ကျေးမှုမရှိတဲ့လူတွေကို ဂရုစိုက်မနေနဲ့၊ သွားစို့"

" ငါ မသွားဘူး၊ ထွက်သွားရမယ့်သူက ဒီမိန်းမလျာပဲ"

ရှန်ယွဲ့သည် ဒေါသထွက်လွန်းရာ နေရာမရွေ့ဘဲ ရပ်နေလေသည်။ သူမသည် မဲ့လိုက်ပြီး အမျိုးသားအရောင်းဝန်ထမ်းကို တမင် ရန်စသလို ကြည့်လိုက်တော့သည်။

ဒီလို မရေမရာအပြုအမှုနဲ့ အရှက်ခွဲခံရပြီး ရိုင်းရိုငးစကားလုံးတွေ ပြောပြီး ဒေါသတကြီးထွက်သွားစေချင်တာက တဖက်လူ လိုချင်တဲ့ဟာမလား။

ရှန်ယွဲ့သည် ပြေလည်အောင် လုပ်မည့်သူမျိုးမဟုတ်ချေ။ သူမသည် ဒီအရောင်းဝန်ထမ်းကို ပညာတစ်ခုတော့ ပေးရပေမည်။ အနည်းဆုံးတော့ ရှန်ချန်နှင့် သူမ၏ဒေါသသည် ထွက်မသွားခင် ပျောက်သွားရပေမည်။

" မင်းက ဘယ်သူ့ကို မိန်းမလျာလို့ ခေါ်နေတာလဲ၊ ဝက်မ"

အမျိုးသားအရောင်းဝန်ထမ်းသည် ဒေါသအလွန်ထွက်လာရာ သူ့နှခေါင်းဝပင် ကျယ်လာတော့သည်။ သူသည် ရှန်ယွဲ့ကို ဒေါသတကြီးနှင့် ဝါးစားမတတ်ကြည့်နေတော့သည်။

" စိတ်ထဲမှာ လက်ခံထားတဲ့သူကိုပေါ့"

ရှန်ယွဲ့ တမင်ပြုံးလိုက်ပြီး အရောင်းဝန်ထမ်းလုပ်ပြခဲ့သည် လက်ချောင်းပုံစံကို လိုက်တုပြလိုက်လေသည်။

" နင် အရမ်းရွံစရာကောင်းတာပဲ၊ ငါ နင်တို့ ကလေကချေနှစ်ယောက်ကို ဆွဲထုတ်သွားဖို့ လုံခြုံရေးကို ခေါ်ရလိမ့်မယ်"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now