အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း

641 56 0
                                    

မစ္စလီက နှာခေါင်းရှုံ့ကာ ရှန်ယွဲ့အပေါ် မသိမသာ ဖိအားပေးကာ ဆက်ပြောလေသည်။ သူမ၏လေသံက ပိုခက်ထန်လာလေသည်။

"စာမေးပွဲမှာ အကြိမ်ကြိမ်မသမာတာတွေ လုပ်လာတဲ့ကျောင်းသားက အပြင်းထန်ဆုံးအပြစ်ကို ခံယူရလိမ့်မယ်၊ မင်းတို့တွေ အခုပြောနေတာတွေကို နားလည်ချင်မှနားလည်မယ်၊ ကျောင်းရဲ့ဆုံးဖြတ်ချက်ရလာဒ်က တစ်ရက်နှစ်ရက်နေလို့ ထွက်လာရင် အားလုံးက နားလည်သွားလိမ့်မယ်၊ အဲအချိန်ကျရင်တော့ ငါ ပြောခဲ့တဲ့စကားကို အားလုံးသတိရလာလိမ့်မယ်၊ အဲလိုအရှက်မဲ့တဲ့ကျောင်းသူ ကျောင်းသားတွေနဲ့လည်း ဝေးဝေးနေကြ"

သူမ၏လေသံ မည်မျှပင် ဒေါသထွက်ကာ ပြင်းနေထန်ပါသော်လည်း ရှန်ယွဲ့သည် သူမ၏ထိုင်ခုံတွင် တည်တည်ငြိမ်ငြိမ်ထိုင်ကာ လုံးဝမတုန့်ပြန်ပေ။

မစ္စလီသည် အံကြိတ်ထားလိုက်၏။ သူမ၏ လုပ်သက်တစ်လျှောက်တွင် ဆရာကို ပြန်အာခံရဲသည့် ကျောင်းသားဆိုးတစ်ယောက်နှင့် တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။ သူမသည် ဒေါသထွက်လွန်းသဖြင့် ရှန်ယွဲ့အား လက်ညိုးငေါက်ငေါက်ထိုးကာ နေရာတွင် ပင် ကြိမ်ဆဲချင်နေတော့သည်။

သို့သော် အတန်းထဲတွင် မေးခွန်းများကို ပြန်ရှင်းရမည့်အကြောင်း စဥ်းစားလိုက်မိပြီး အချိန်ကလည်း တစ်ဝက်ကျော်နေပြီဖြစ်သဖြင့် မစ္စလီက ထိုကိစ္စကို သည်းခံထားလိုက်တော့သည်။

မည်သို့ဆိုစေ သူမသည် ယောက်ျားဖြစ်သူ ဌာနမှူးအားခေါ်ထားပြီး ရှန်ယွဲ့၏အဖြေလွှာအားလုံးကို သိမ်းဆည်းထားပြီးဖြစ်သည်။ တခြားဆရာများက အတန်းပြီးလို့ အနားယူချိန်တွင် အဖြေလွှာကို ကြည့်လိုက်လျှင် ရှန်ယွဲ့၏ မသမာမှုက အလိုလိုပေါ်ပေါက်သွားလိမ့်မည်။

ထိုသို့တွေးလိုက်ပြီး မစ္စလီက သူမ၏ဉာဏ်ရည်ကို အနည်းငယ်အထင်ကြီးသွားတော့သည်။ မနေ့ညက သူမ အဖြေလွှာတွေ စပြီးစစ်ဆေးတော့ ရှန်ယွဲ့ သင်္ချာမှာ အမှတ်ပြည့်ရတာ တွေ့သွားတယ်လေ။ အဖြေလွှာကို ဖတ်လိုက်တော့ တကယ်ပဲ အမှတ်ပြည့်ဖြစ်နေတာ ပြီးတော့ အဖြေတွေကလည်း အရမ်းကို တိတိကျကျပဲ။ ဒီလိုကိစ္စမျိုးက ငတုံးမရှန်ယွဲ့ဆီမှာ ဘယ်လိုမှဖြစ်မယ့်အရာမဟုတ်ဘူးလေ။ ဒါကြောင့် ရှန်ယွဲ့က မသမာမှုလုပ်ခဲ့တာကို ယုံတယ်။ ပြီးတော့ တခြားဆရာတွေ အဆင့်မထုတ်ရသေးခင်မှာ သူမရဲ့အဆက်အသွယ်ကို သုံးပြီး ရှန်ယွဲ့ရဲ့ဘာသာစုံအဖြေလွှာတွေကို ယူထားလိုက်တော့တာပေါ့။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now