အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း

833 79 0
                                    


ရှန်ချန်ပြောချင်သည့်စကားမှာ ငွေကို ဤသို့သုံးရန်မလိုသည့်အကြောင်းပင်။ သူ့အကြမ်းဖျင်းခန့်မှန်းချက်အရ သည်မနက်စာသည် ယွမ် တစ်သိန်းနီးပါး ကျသင့်လေသည်။ Sမြို့၏ အချမ်းသာဆုံးမိသားစုပင် သည်လောက်သုံးဖြုန်းလိမ့်မည်မဟုတ်ပေ။

ရှန်ယွဲ့ကတော့ စိတ်ထဲမထားပေ။ သူမ၏လက်ရှိသုံးစွဲမှုသည် အတိတ်ဘဝက သူမသုံးစွဲမှု၏အနိမ့်ဆုံးအဆင့်မျှသာ ဖြစ်လေသည်။ ယခုတွင် ရဲ့ရင်းနှင့် ဆက်သွယ်ခဲ့ပြီးဖြစ်ရာ အတိတ်က သူမ၏သည်အတိုင်းထားထားသည့် စီးပွားရေးကို ဖြည်းဖြည်းချင်း ပြန်တည်ဆောင်နိုင်ရာ ငွေရပေါက်ကို စိုးရိမ်စရာမလိုချေ။

သို့သော် သူမ၏ခံစားလွယ်သည့် မောင်လေးကို နှစ်သိမ့်ပေးရန်အလို့ငှာ ရှန်ယွဲ့ ရှင်းပြရတော့သည်။

" ပိုက်ဆံဆိုတာ သုံးဖို့ ရှာတာမဟုတ်ဘူးလား၊ ငွေကို ပျော်ပျော်ကြီး သုံးနေသ၍ ဒါက တန်တယ်၊ ပြီးတော့ နင့်အမက နောက်ဆိုရင် ငွေတွေ ပိုရှာနိုင်တော့မှာ၊ ဒီလိုမနက်စာမျိုးက အခြေခံပဲရှိတယ်၊ နင် နေသားကျအောင်လုပ်မှရမယ်"

ရှန်ယွဲ့က ငွေအများကြီး ရှာနိုင်သည့် ယုံကြည်ချက်နှင့် တည်တည်ငြိမ်ငြိမ်ဖြစ်နေသည်ကို မြင်လိုက်ရပြီးနောက် ရှန်ချန်သည် တံတွေးကို မျိုချလိုက်ပြီး ရှင်းမပြတတ်သည့်ခံစားချက်ဖြင့် မျှော်လင့်နေမိတော့သည်။

တစ်ခုခုကို စဥ်းစားလိုက်ပြီး ရှန်ချန် ထပ်မေးလိုက်၏။

" အမ ငွေရှာဖို့ နင်ဘာကို အားကိုးတာလဲ"

သည်တလောတွင် ရှန်မိသားစုက ရှန်ယွဲ့၏သုံးဖြုန်းမှုကို မြင်ခဲ့ပြီးဖြစ်သည်။ သူမ၏သုံးဖြုန်းနိုင်စွမ်းမှာ အဆင့်တစ်ခုအထိ တက်လာခဲ့သည်။ သူတို့အားလုံးသည် ရှန်ယွဲ့၏ ငွေဝင်ပေါက်ကို အလွန်သိချင်နေကြတော့သည်။

ရှန်ယွဲ့သည် နေ့တိုင်း မနက်အစောကြီးထွက်ကာ နေ့တိုင်း ညမိုးချုပ်မှ ပြန်လာတတ်သည်။ သူမကို ဘယ်နေရာမှာမှ တွေ့ရလေ့မရှိပေ။ ရှန်အန်းနှင့် ရှန်ချန်ပင် မေးဖို့အချိန်မရပေ။ ရှန်ယွဲ့ ထိုကိစ္စကို ပြောသည်မှာ ရှားလေသည်။ ထို့ကြောင့် ရှန်ချန်သည် သူ့စိတ်ထဲတွင် အရင်ကတည်းရှိနေသည့် မေးခွန်းကို ထုတ်မေးလိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now