အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ

639 63 0
                                    

အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ

"ဟုတ်တယ် အဲလိုဆိုရင် စာမေးပွဲခန်းမရဲ့ လုံခြုံရေးကင်မရာတွေကို ချက်ချင်းသွားစစ်ဆေးလိုက်၊ ရှန်ယွဲ့အပြစ်ကင်းကြောင်း သက်သေပြလိုက်"

ရဲမှူးချုပ်စုန့်သည် လက်ကိုဝေ့ယမ်းလိုက်၏။ ရဲဝန်ထမ်းနှစ်ယောက် ခုနကပြောလိုက်သည့်အခန်းရှိ လုံခြုံရေးကင်မရာကို စစ်ဆေးရန် ထွက်သွားတော့သည်။

ခဏကြာပြီးနောက် ရဲဝန်ထမ်းနှစ်ယောက်သည် ကွန်ပျူတာတစ်လုံးနှင့် အမှန်ပင်ရောက်လာတော့သည်။ ရှန်ယွဲ့သည် သူမခိုးချခဲ့သည်များ ပေါ်သွားမည်ကိုမကြောက်သည့်နှယ့် တည်တည်းငြိမ်ငြိမ် ရှိနေလေသည်။ မစ္စလီက အခိုက်တန့် တွေ့ဝေသွားသော်လည်း သူမသည် လေသံပျော့ပျော့ဖြင့် ရေရွတ်လိုက်သေးသည်။

" သူ့ကို ဆင်းရဲသားကျောင်းသူတစ်ယောက်က ခိုးချပြီးရင်တော့ ထုံပေပေလုပ်နေနိုင်မှာပေါ့၊ အရှက်မရှိလိုက်တာ...."

သို့သော်ငြား ရဲဝန်ထမ်းနှစ်ယောက်က လုံးခြုံရေးကင်မရာမှတ်တမ်းကို ဖြေးဖြေးချင်း ရွှေ့လိုက်ပြီး မနေ့က ရှန်ယွဲ့စာမေးပွဲဖြေထားသည့် မှတ်တမ်းအားလုံးကို ထုတ်ပြလိုက်လေသည်။ မစ္စလီမှာ အံ့ဩသွားတော့သည်။

" မဟုတ်ဘူး မဖြစ်နိုင်တာ၊ အဲဒီအဖြေလွှာတွေအားလုံးက အမှတ်ပြည့်တွေလေ၊ ရှန်ယွဲ့ ဖြေထားတယ်လို့ မဖြစ်နိုင်ဘူး"

မစ္စလီသည် မယုံမကြည်ဖြစ်နေတော့သည်။ သူမသည် ပါးစပ်ကို အုပ်ကာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

လုံခြုံကင်မရာမှတ်တမ်းက ရှန်ယွဲ့ စာမေးပွဲခန်းထဲ စဝင်လာကတည်းက မေးခွန်းလက်ခံပြီး မေးခွန်းများကို တာဝန်ကျေကျေ ဖြေနေခဲ့သည်ကို ရှင်းရှင်းလင်းလင်း ပြနေလေသည်။ အဖြေလွှာကို မြန်မြန်ဖြေလိုက်ပြီးနောက် အဖြေလွှာမအပ်ခင် သေသေချာချာ ပြန်စစ်လိုက်ပြီးမှ အခန်းထဲက ထွက်သွားခဲ့သည်။

စာမေးပွဲဖြေနေစဥ် ကာလတစ်လျှောက်လုံး ရှန်ယွဲ့သည် လုံးဝခိုးမချခဲ့မှန်း သူမ၏အပြစ်ကင်းစင်မှုကို သက်သေပြရန် လုံလောက်နေတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now