အပိုင်း (၁၂၄) + အပိုင်း (၁၂၅)

521 38 0
                                    

အပိုင်း (၁၂၄) စမ်းကြည့်လေ

" အမေ ကြည့်လေ၊ ရှန်ချန်တောင် ဘယ်လိုပြန်ခံပြောရမလဲ သိနေပြီ၊ သူ ဒီဝတုတ်မနဲ့ နေလို့ လမ်းမှားရောက်သွားလို့လေ၊ အမေ သူ့ကို မြန်မြန်ဆုံးမလိုက်ပါအုံး"

ဆွန်းလင်သည် အခုတော့ ဒေါသထွက်သွားတော့သည်။ သူမသည် အင်္ကျီလက်ကိုခေါက်တင်ပြီး ရှေ့တိုးသွားကာ ရှန်ယွဲ့ကို သင်ခန်းစာပေးလိုက်ချင်သော်လည်း ပြီးခဲ့သည့်အခေါက်က ထိပ်တိုက်ရင်ဆိုင်ကြပြီးနောက် သူမ၏အဆုံးသတ်ကို စဥ်းစားမိသွားတော့သည်။ သူမသည် အနည်းငယ် မကြောက်ဘဲ မနေနိုင်တော့ပေ။ သို့သော် ရှန်ရှင်းက သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ၏အရှိန်ကို လျှော့လို့မရနိုင်ရာ ရှန်ယွဲ့ကို ဆူပူကြိမ်းမောင်းတော့သည်။

" ရှန်ယွဲ့ နင့်မျက်လုံးထဲမှာ နင့်အမေ ဆိုတာရောရှိသေးရဲ့လား၊ ဒီနေ့တော့ နင်ငါ့ကို ဖြေရှင်းချက်ပေးရမယ်"

" အမေ တော်ပါတော့"

အခြေအနေက ပိုပိုပြီး တင်းမာလာသည်ကို တွေ့လိုက်ရသဖြင့် ရှန်ချန်က သူမကို တားလိုက်ချင်လေသည်။

" ဖယ်စမ်း"

ဆွန်းလင်သည် ရှန်ချန်ကို တွန်းထုတ်လိုက်ပြီး ရှန်ယွဲ့၏မျက်နှာကို လက်ညိုငေါက်ငေါက်ထိုးကာ သူမကို ဖြေရှင်းချက်ပေးရန် အတင်းတောင်းဆိုနေတော့သည်။ သည်နေ့ သူမသည် ဒေါသထွက်နေဟန်ပင်။ သူမ၏ချစ်လှစွာသောသားကိုပင် ဒေါသထွက်နေလေသည်။

" တီ တီ တီ___"

ရှန်ယွဲ့၏ဖုန်း မြည်လာပြီး တင်းမာနေသည့်အခြေအနေကို ကြားဖြတ်ဝင်လာလေသည်။ ရှန်ယွဲ့က ဖုန်းကို ကြည့်လိုက်၏။ မှာထားသည့်ထမင်းဗူးရောက်လာခြင်းပင်။ သူမက ဖုန်းကိုင်လိုက်ကာ ပြောလိုက်လေသည်။

" ကျွန်မရဲ့အိမ်တံခါးရှေ့မှာပဲ ချိတ်ထားပေးခဲ့လို့ရလား"

ဖုန်းချလိုက်ပြီးနောက် ရှန်ယွဲ့က တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူမက လမ်းလျှောက်နေရင်း ဆွန်းလင်ကို ပြောလိုက်၏။

" သမီး ဒီနေ့ စကားအများကြီး မပြောချင်ဘူး၊ ကြိုပြောထားမယ်နော် သမီး အရမ်းပင်ပန်းနေပြီ၊ ချက်ချင်းစားပြီး အနားယူဖို့လိုတယ်၊ သမီးကို မနှောင့်ယှက်တာ အကောင်းဆုံးပဲ၊ အရင်တစ်ခါလို ထပ်မလုပ်ချင်ဘူး၊ မယုံရင်တော့ စမ်းကြည့်လိုက်"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now