အပိုင်း (၉၂) ၃၆မိနစ်

506 40 0
                                    

အပိုင်း (၉၂) ၃၆မိနစ်

"ဘာဖြစ်နေတာလဲ"

ကျိုးရွှမ်းသည် နောက်ဆုံးတော့ သည်းမခံနိုင်တော့ပေ။ သူသည်အနီးဆုံးက ဝန်ထမ်းဖြစ်သည့် လျိုမျိုးနွယ်အမည်ရှိ လက်ထောက်ဒါရိုက်တာတစ်ယောက်ကို ဆွဲမလိုက်တော့သည်။ လက်ထောက်ဒါရိုက်တာလျိုက အချိန်တော်တော်ကြာသည်အထိ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေပြီးမှ ပြောလိုက်တော့သည်။

" ဟိုလေ ဥက္ကဋ္ဌကျိုး ဟိုပျော်စရာကောင်းတဲ့ည....."

" ခင်များဘာတွေ ပြောနေတာလဲ" ကျိုးရွှမ်းသည် ပိုစိတ်ရှုပ်သွားပြီး သူ့ဘေးက ဖိအားမှာ ကျဆင်းသွားတော့သည်။

လက်ထောက်ဒါရိုက်တာလျိုမှာ ကျိုးရွှမ်း၏အရှိန်အဝါကြောင့် အလွန်ကြောက်လန့်သွားပြီး စကားပင်မပြောရဲတော့ချေ။ သူသည် ကျိုးရွှမ်းနောက်က ဧရာမအီလက်ထရွန်နစ်စခရင်ကို တုန်ယင်နေသည့်လက်များဖြင့် ညွှန်ပြလိုက်တော့သည်။

သည်အခိုက်အတန့်တွင် ဟယ်ရှန့်က ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။

" ဥက္ကဋ္ဌကျိုး ပြင်ပြီးသွားပါပြီ"

တစ်ချိန်ထဲတွင် လူတိုင်း၏ ကြောက်ရွံ့ထိတ်လန့်ပြီး မယုံနိုင်အောင်ဖြစ်နေသည့်အကြည့်များအောက်တွင် ကျိုးရွှမ်းနောက်က ကြီးမားသည့်စခရင်ပေါ်က မြှားတံသည် မည်သူ၏ထိန်းချုပ်မှုမှမပါဘဲ iconကြီးတစ်ခုဆီသို့ အမှန်ပင် ရွေ့လျားသွားလေတော့သည်။ ထိုiconပေါ်တွင် " အားလုံးထဲကအကြိုက်ဆုံး _ အထပ်ထပ်လေ့ကျင့်ပြီးသား ပုံစံအနေအထားများ __ ယောက်ျားလေးများအတွက် အကောင်းဆုံး Sexy Night" ဟု နာမည်တပ်ထားလေသည်။

နောက်ဆုံးတော့ ကျိုးရွှမ်းသည် တစ်ခုခုကို သဘောပေါက်သွားပြီး လှည့်ကြည့်လိုက်ချိန်တွင်တော့ မြှားတံက အလွန်မဖွယ်ရာလှသည့်နာမည်နှင့် ဖိုင်တစ်ခုကို နှိပ်လိုက်သည့် ဖြစ်စဥ်တစ်ခုလုံးကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရတော့သည်။

ရုတ်ချည်းဆိုသလိုပင် ယောက်ျားနှစ်ယောက်၏ ဖရိုဖရဲနှင့် ညစ်ညစ်ညမ်းညမ်းအသံများက အစည်းအဝေးခန်းမတစ်ခုလုံး ဟိန်းသွားသည်အထိ ထွက်လာလေတော့သည်။ အားလုံးသည် ကျိုးရွှမ်း၏ကွန်ပျူတာထဲက ဖွင့်ထားသည်ဟု ထင်ရသော ဤဂေးxx ဗီဒီယိုအား ကြည့်ရှုရန် ဖိအားခံရသလို ဖြစ်သွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now