အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု

492 40 0
                                    

အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု

သို့သော်ငြား ရှန်ရှင်းသည် ထိုပိုစ့်ကို အကြိမ်ကြိမ်ကြည့်လိုက်ပြီးနောက် သဲလွန်စများကို အခြေခံကာ ရှန်ယွဲ့ကူးချထားသည့် သက်သေများကို ဆက်ပြီး ရှာဖွေချင်ခဲ့လေသည်။ သို့သော် ရုတ်တရက်ဆိုသလို ထိုပိုစ့်ကို ရှာမရနိုင်ဖြစ်သွားတော့သည်။

" ဒါ.... အစ်မကို ပြဿနာသွားစေလို့ ငါ ဖျက်လိုက်ပြီ" ရှန်ချန်က ရှင်းပြလိုက်၏။

" ဟမ် ဖျက်လိုက်ပြီ ဟုတ်လား"

ရှန်ရှင်းသည် ချက်ချင်းပင် စိတ်ပျက်သွားတော့သည်။ အဲဒီဓာတ်ပုံတွင် သိမ်းတောင် မသိမ်းထားလိုက်ရဘူး။ ပိုစ့်မရှိရင် ရှန်ယွဲ့က တမင်လိမ်ညာနေတဲ့ သက်သေကို ဘယ်လိုရှာရတော့မှာလဲ။

ရှန်ရှင်း၏ အမူအရာက အနည်းငယ်ပျက်နေသည်ကို မြင်လိုက်ရသဖြင့် ရှန်ချန်သည် သူမက မကောင်းတာတစ်ခုခု စဥ်းစားနေမှန်း သိလိုက်တော့သည်။ သူသည် အနည်းငယ် ရွံရှာသွားပြီး ပြောလိုက်တော့သည်။

" ပြောစရာမရှိတော့ရင် ငါ သွားတော့မယ်"

" ဟဲ့ မသွားသေးနဲ့ ငါ နင့်ကို မေးစရာရှိသေးတယ်..."

သို့သော် ရှန်ချန်က ရှန်ရှင်း၏စကားကို မကြားသလိုနေလိုက်ကာ လှည့်မကြည့်ဘဲ ထွက်သွားလိုက်၏။

" သေနာလေး"

ရှန်ရှင်းသည် စိတ်ဆိုးဆိုးဖြင့် ခြေဆောင့်ကာ လက်သီးဆုပ်ထားလိုက်မိသည်။ စိတ်ဆိုးဆိုးဖြင့် သူမ၏အခန်းထဲသို့ ပြန်သွားမည်ပြင်လိုက်စဥ် ဖိနပ်စင်ပေါ်က ဖုန်းအသစ်တစ်လုံးကို ရုတ်တရက် တွေ့လိုက်ရ၏။

ဒါက ရှန်ယွဲ့ ရှန်ချန်အတွက် ဝယ်ပေးထားတဲ့ ယွမ်တစ်သောင်းခွဲတန် နောက်ဆုံးပေါ်စမတ်ဖုန်းပဲ။ ရှန်ချန်က ပုံမှန်ဆိုရင် ကွဲသွားမှာစိုးလို့ အရမ်းကို အမြတ်တနိုးနဲ့ သုံးတတ်တာ။ ဒါကြောင့် အချိန်တစ်ခုအထိ သုံးထားတာတောင် အသစ်အတိုင်း ရှိနေတုန်းပဲ။

ဒီနေ့တော့ ရှန်ချန်က အလောတကြီးထွက်သွားတာမလို့ ဖိနပ်စင်ပေါ် တင်ထားခဲ့တဲ့ ဖုန်းကို ယူသွားဖို့ မေ့သွားတာပဲ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now