အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်

889 94 0
                                    


(Notice! Violent act တစ်ခုပါလို့ သတိဖြင့် ဖတ်ကြပါနော်)

" ကောင်မလေး မင်းက ငါ့ဆီတောင် လာရဲသေးတယ်နော်"

လူမိုက်များသည် မြန်မြန်ခုန်ထွက်လာကြပြီး ရှန်ယွဲ့ကို မလိုမုန်းတီးစွာ ကြည့်နေကြလေသည်။

သူတို့ဘက်က လူများပြီး ရှန်ယွဲ့လို ကျောင်းသူများကို အနိုင်ကျင့်နေကျ ဖြစ်လေသည်။ ရှန်ယွဲ့သည် သူတို့ခြောက်လန့်တာ ခံလိုက်ရပြီးနောက် ချက်ချင်း အသနားခံလာမည်ဟု ထင်ထားကြ၏။ ထိုအချိန်တွင် သူတို့သည်လည်း လုပ်ချင်တာ လုပ်နိုင်သွားတော့မည်။ ထို့ကြောင့် သူတို့သည် ချန်းမင်၏သတိစကားကို အလေးအနက် မထားခဲ့ကြချေ။ ရှန်ယွဲ့သည် တိုက်ခိုက်တတ်သယောင် ထင်ရလေသည်။

ရန်ယွဲ့၏ ချောမွတ်ကာ အနည်းငယ်ချွေးပျံနေသည့် မျက်နှာကို ကြည့်လိုက်ကြပြီး လူမိုက်များသည် ချက်ချင်း ရာဂစိတ်ပြင်းပြလာကာ ညစ်ညမ်းသည့်အပြုံးများ ပေါ်လာတော့သည်။

"ယိုး ... အနီးကပ်ကြည့်လိုက်တော့ ချစ်စရာကောင်းသေးတာပဲ၊ တစ်ခုခုလုပ်ဖို့ မီးပိတ်စရာမလိုတော့တဲ့ အထိပဲ"

လူမိုက်တစ်ယောက်က လူယုတ်မာပီပီ ပြုံးလိုက်လေသည်။

" မင်းရဲ့အသားအရည်က တော်တော် နူးညံ့မယ့်ပုံပဲ၊ ထိကြည့်ရင် ဘယ်လိုနေမလဲ သိချင်လိုက်တာ၊ ဟီဟီး"

နောက်တစ်ယောက်ကထပ် ပြောလိုက်၏။

အပြင်းအထန်လေ့ကျင့်လာသည့် သည်ကာလအပြီးတွင် ရှန်ယွဲ့သည် အမှန်ပင် ဝိတ်အများကြီး ကျသွားသည်။ သူမ၏မျက်နှာသွင်ပြင်မှာ ပို၍ ထင်ရှားလာ၏။ ထို့ကြောင့် လူမိုက်များ ၏ ရွံ့စရောကောင်းသည့် အတွေးမှာ သိသာလေသည်။

ရှန်ယွဲ့သည် အလွန်ရွံ့ရှာသွားတော့သည်။ သူမ၏လက်ကောက်ဝတ်ကို လှုပ်ရှားရင်း အန္တရာယ်အငွေ့အသက်ဖြင့် အေးတိအေးစက်မေးလိုက် တော့သည်။

" နင်တို့ကို ဘယ်သူလွှတ်လိုက်တာလဲ"

" ဟဲဟဲ နင် အခုတလာဘယ်သူ့ကို ပြစ်မှားမိခဲ့လဲ စဥ်းစားကြည့်ပေါ့၊ ခလေးမ နောက်မှ မငိုနဲ့နော်__"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now