အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း

773 74 0
                                    

အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း

"နင်ကအဲလိုမှန်းသာသိခဲ့ရင် ဟိုတုန်းကနင့်ကို မမွေးခဲ့ပါဘူးဟဲ့"

ဆွန်းလင်သည် ဒေါသထွက်ကာ အံကျိတ်နေတော့သည်။

သည်စကားများသည် အလွန်နာကျင်ရပြီး သည်းခံနိုင်သည့်အတိုင်းအတာမဟုတ်ချေ။ ပြောခံလိုက်ရသူ ရှန်ယွဲ့မပြောနှင့် ကြားရသူအတွက်ပါ မသက်မသာဖြစ်ရသည်ဟု ရှန်ချန် ခံစားမိလေသည်။ သူမ မည်မျှဝမ်းနည်းသွားမည်ကို မစဉ်းစားရဲလောက်အောင်ဖြစ်သွားတော့သည်။

ထို့ကြောင့် ရှန်ချန်သည် အာကျယ်အာကျယ်နှင့်ရက်ရက်စက်စက်ကျိန်ဆဲနေသည့် ဆွန်းလင်၏စကားကို အမှတ်တဲယမဲ့ဖြတ်ပြောလိုက်တော့သည်။

" အမေ တော်တော့ အစ်မကို အနိုင်မကျင့်ပါနဲ့တော့"

ရှန်မိသားစုမှာ အံ့ဩသွားကြလေသည်။။ ရှန်ချန်သည် အမြဲလိုလို နှုတ်ဆိတ်နေတတ်ပြီး မည်သူနှင့်မှ မတိုက်ခိုက်တတ်ခဲ့ချေ။ ဒါသည် အလွန်ကျယ်လောင်သည့်အသံဖြင့် ပထမဆုံးပြောဖူးခြင်းပင်။ ထို့အပြင် ရှန်ယွဲ့အတွက်ပြောပေးခြင်း ဖြစ်လေသည်။

ရှန်ချန်သည် ခံစားချက်မဲ့နေသည့် ရှန်ယွဲ့ကိုကြည့်ကာ သူ့လေသံအှာ ပျော့ပြောင်းသွားတော့သည်။

"တနေ့တနေ့ တခြားလူတွေကို ကုတ်ရေး‌ေပေးပြီး ပိုက်ဆံရှာရတာ အစ်မအတွက် အရမ်းခက်ခဲတာပါ၊ အခု သူက တောင်းထားတဲ့ အသုံးစားရိတ်ကို ပေးလိုက်ပြီပဲ၊ သူ့ကိုထပ်ပြီး ဖိအားမပေးပါနဲ့တော့"

သူသာ ဆွန်းလင်နှင့်ရှန်ရှင်းက ရှန်ယွဲ့ကို ဤသို့ပစ်မှတ်ထားခွင့်ပြုထားလျှင် ရှန်ယွဲ့က ရှန်မိသားစုကို လှည့်မကြည့်တော့ဘဲ သူမနှင့် အမှန်တကယ်သက်ဆိုင်သည့် ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့မည်ဟု ခပ်ရေးရေးခံစားမိနေသည်။

"ချန်ချန် နင်ဘာပြောလိုက်တယ်၊ ပြန်ပြောစမ်း"

ဆွန်းလင်သည် မယုံ‌နိုင်အောင် ဖြစ်သွားတော့သည်။ ရှန်ချန်က ကျန်သည့်မိသားစုများရှေ့တွင် ရှန်ယွဲ့ကြောင့် သူမအား အရှက်ခွဲလိမ့်မညိဟု လုံးဝမျှော်လင့်မထားခဲ့ပေ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now