အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်

870 93 0
                                    

ဆွန်းလင်သည် ပြောရင်းဆိုရင် ရှန်ယွဲ့ကို ပြေးရိုက်တော့မည် ပြင်လိုက်စဥ် ရှန်အန်းက ဝင်တားလိုက်သည်။

" နားလည်မှုလွဲတာနေမှာပါကွာ ယွဲ့ယွဲ့ကို မရိုက်ပါနဲ့"

ရှန်ယွဲ့သည် အနီးကပ်ကြည့်လိုက်ရာ ဆွန်းလင်က သူမ ရှန်ချန်အတွက် ဝယ်ပေးထားသည့် အဝတ်အစားသစ်များအား ကိုင်ထားသည်ကို တွေ့လိုက်ရတော့သည်။ သူမ စိတ်မကောင်းစွာ ပြောလိုက်၏။

" ဒီပစ္စည်းတွေကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ထားတာပါ၊ ခိုးလာတဲ့မဟုတ်သလို ၊ လုလာတာလဲ မဟုတ်ဘူး"

" နင့်ဟာနင် ငွေရှာခဲ့တယ်ဟုတ်လား၊ နင့်ရဲ့ ဝက်လိုရုပ်ရည်နဲ့များ ဘယ်လောက်ရှာနိုင်မှာမလို့လဲ၊ ဒီပစ္စည်းတွေကို ခိုးခဲ့တာ ရှင်းနေတာပဲကို၊ နင့်မှာ အရှက်တရားလေး နည်းနည်းမှ မရှိဘူးလားဟမ်၊ မျိုးဆက် ၁၈ခုလုံးရဲ့ ဘိုးဘွားတွေရဲ့မျက်နှာ နင့်ကြောင့် ပျက်ရတော့မှာပဲ၊ နင့်လို ဝက်သေတစ်ကောင်ကို ရောင်းလိုက်ရင်တောင် ပိုက်ဆံရမှာမဟုတ်ဘူး၊ နင်က ဘယ်သူ့ကို လာလိမ်ချင်နေတာလဲဟမ်"

ဆွန်းလင် ဒေါသမီးတောက်ကာ ကျိန်ဆဲတော့သည်။

ဆွန်းလင်၏ ရုန့်ရင်းကြမ်းတမ်းသည့် ဆူပူသံများကို ကြားလိုက်ရာ ရှန်ချန်မှာ မနေနိုင်တော့ဘဲ ရှန်ယွဲ့ရှေ့တွင် ရပ်ကာ သူမအတွက် ရှင်းပြလေတော့သည်။

" ဒီပစ္စည်းတွေက တကယ်ပဲ အမ ရှာထားတဲ့ ပိုက်ဆံတွေနဲ့ ဝယ်ခဲ့တာပါ၊ သူ အရမ်းတော်တာ...."

" ဒါဆို ငါ့ကို ပြောစမ်း သူ ဘယ်လို ငွေရှာခဲ့တာတဲ့လဲ" ဆွန်းလင်၏မျက်လုံးများသည် ဒေါသကြောင့် နီရဲနေလေသည်။

" ကျွန်တော်...."

သို့သော်ငြား ရှန်ယွဲ့ မည်သို့ ငွေရှာသည်ကိုတော့ ရှန်ချန် မသိသည်က အမှန်။ သူသည် အထစ်ထစ် အငေါ့ငေါ့နှင့် ဆက်မပြောနိုင်ဖြစ်သွားတော့သည်။

သည်အချိန်တွင် ရှန်ရှင်းက အခန်းထဲက ထွက်လာပြီး အားရပါးရ ပြောပြန်တော့သည်။

" သူ မိသားစုရဲ့ငွေကို ခိုးခဲ့တာပဲ ဖြစ်ရမယ်၊ သူက ဘာလုပ်နိုင်အုံးမှာလဲ"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now